AD
AD
AD

အောင်မြင်ကျော်ကြားသူတွေရဲ့အတိတ်ဟာ သင်ခန်းစာယူစရာ၊ မပြည့်စုံမှုတွေ၊ နာကျင်စရာတွေနဲ့ ပြည့်နှက်နေလေ့ရှိတာ ဓမ္မတာပဲ ဖြစ်ပါတယ်။ တစ်ချိန်က အုတ်အင်္ဂတေကုတင်လေးမှာ အိပ်ပြီး လယ်တောထဲမှာ ကြီးပြင်းခဲ့တဲ့ ပီအက်စ်ဂျီအသင်းရဲ့ညာနောက်ခံကစားသမား ဒန်နီအဲဗက်စ် အခုလိုဘဝမျိုးထိရောက်အောင် ဘယ်လောက်အထိ ပေးဆပ်ခဲ့ရလဲဆိုတာ Duwun Sports ပရိသတ်ကြီး သိရှိနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

play

 

ဒန်နီအဲဗက်စ်ကို ၁၉၈၃ ခုနှစ်၊ မေလ ၆ ရက်နေ့မှာ ဘရာဇီးနိုင်ငံ၊ ဘာဟီရာပြည်နယ်၊ ဂျူအာဇဲရိုးဆိုတဲ့ မြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ လယ်သမားမိသားစုမှာ ကြီးပြင်းခဲ့တဲ့ ဒန်နီအဲဗက်စ်ဟာ အိမ်နီးချင်းကလေးတွေနဲ့အတူ ဘောလုံးအားကစားကို အတူဆော့ကစားရင်း ပရော်ဖက်ရှင်ကစားသမားဘဝကို ရောက်အောင် ကြိုးစားဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

play

 

အသက် ၁၃ နှစ်အရွယ်မှာ လူငယ်အကယ်ဒမီသင်တန်းကျောင်းကို သွားရောက်ဖို့အတွက် မိသားစုနဲ့ ခွဲခွာခဲ့ရပါတယ်။ ဒန်နီအဲဗက်စ်ဟာ မိသားစုကို အချိန်ပြည့်သတိရနေခဲ့ပေမယ့် ဖခင်ဖြစ်သူ ဂုဏ်ယူရမယ့် ပရော်ဖက်ရှင်နယ်ဘောလုံးသမားမဖြစ်သေးဘဲ လယ်တောထဲကို ပြန်မသွားဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးခဲ့ပါတယ်။

play

 

ပထမဆုံးအကြိမ် လေ့ကျင့်ရေးပြုလုပ်ပြီးနောက် ဒန်နီအဲဗက်စ်ရဲ့ဝတ်စုံသစ် ခိုးယူခြင်း ခံခဲ့ရပါတယ်။ ၁၉၉၆ ခုနှစ်ကနေ ၁၉၉၈ ခုနှစ်အထိ ဂျူအာဇဲရိုးလူငယ်အသင်းမှာ ကစားခဲ့ပြီး ၁၉၉၈ ခုနှစ်မှာ ပြည်နယ်အဆင့်ဖြစ်တဲ့ ဘာဟီရာလူငယ်အသင်းကို ရောက်ရှိခဲ့ပါတယ်။ ၂၀၀၁ ခုနှစ်မှာ ဘာဟီရာအသင်းကြီးမှာ ပရော်ဖက်ရှင်နယ်ကစားသမားအဖြစ်နဲ့ ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီး တစ်ရာသီ ကစားပြီးချိန်မှာပဲ ဒန်နီအဲဗက်စ်ရဲ့ထူးခြားတဲ့ပါရမီနဲ့ ကြိုးစားမှုတွေကြောင့် လာလီဂါအသင်းကြီးတစ်သင်းဖြစ်တဲ့ ဆီဗီလာအသင်းက ခေါ်ယူခဲ့ပါတယ်။

play

 

ဆီဗီလာအသင်းမှာ ၆ နှစ်ကြာ ကစားခဲ့ပြီးနောက် ဒန်နီအဲဗက်စ်ရဲ့အိပ်မက်ဖြစ်တဲ့ ဘာစီလိုနာအသင်းကြီးက ၂၀၀၈ ခုနှစ်မှာ ဒန်နီအဲဗက်စ်ကို နူးကမ့်ကွင်းကြီးထဲကို ခေါ်ဆောင်ခဲ့ပါတယ်။ ဒန်နီအဲဗက်စ်ဟာ ပွဲစဉ် ၈ အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ အယ်မေးရီးယားအသင်းတို့ရဲ့ပွဲစဉ်မှာ အလွတ်တည်ကန်ဘောကနေ အဝေးကန်သွင်းချက်နဲ့ ဘာစီလိုနာကစားသမားဘဝ ပထမဆုံးဂိုးကို သွင်းယူပေးခဲ့ပါတယ်။

play

 

၂၀၁၅ ခုနှစ်မှာတော့ ဒန်နီအဲဗက်စ်ရဲ့ဖခင်ဟာ ဘာလင်ကို လာရောက်ပြီး ဘာစီလိုနာအသင်းနဲ့အတူ သားဖြစ်သူ ဒန်နီအဲဗက်စ် ချန်ပီယံလိဂ်ဆုဖလားကြီးကို ကိုင်မြှောက်တာကို ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုခဲ့ပြီး သားဖြစ်သူနဲ့အတူ ဆုဖလားကြီးကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

play

 

ဒန်နီအဲဗက်စ်ရဲ့ဖခင်ဖြစ်သူဟာ သားဖြစ်သူအတွက် ဂုဏ်ယူမဆုံးဖြစ်ခဲ့ပြီး ကလေးတစ်ယောက်လို ငိုခဲ့ပြီး "ကျွန်တော့်သားက အခုလူကြီး ဖြစ်သွားပြီ"လို့ ပြောကြားခဲ့ပါတယ်။ ယင်းအခိုက်အတန့်ဟာ ဒန်နီအဲဗက်စ်ရဲ့ဘဝမှာ အကြီးမားဆုံး၊ အမှတ်တရအဖြစ်ဆုံးအချိန် ဖြစ်ခဲ့ပါတယ်။ တစ်ချိန်က အုတ်အင်္ဂတေကုတင်လေးမှာ အိပ်ရင်း မနက်နိုးတိုင်း ကျောအောင့်ပြီး နိုးထခဲ့ရတဲ့ ကလေးငယ်တစ်ယောက်ဟာ လက်ရှိအချိန်မှာတော့ ဆုဖလားတိုင်းကို ရယူခဲ့ဖူးတဲ့ ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။

Source & Photos: OMG

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD