AD
AD
AD

ယူအေအီးနိုင်ငံမှာ ကျင်းပပြုလုပ်မယ့် ၂၀၁၉ အာရှဖလား နောက်ဆုံးအဆင့် ပြိုင်ပွဲတွေအတွက် ခြေစစ်ပွဲအောင် အသင်း ၂၄ သင်းထွက်ပေါ်နေ ခဲ့ပြီ ဖြစ်ပါတယ်။

play

 

အဆိုပါ အသင်း ၂၄ သင်းကို လက်ရှိအချိန်မှာ ကမ္ဘာ့အဆင့် ရပ်တည်မှုအရ မဲအိုး အဆင့် ၄ ဆင့် ခွဲခြားထားရှိထားပြီး အိမ်ရှင် ယူအေအီးအ သင်းကတော့ မဲအိုးနံပါတ်၁ မှာရှိနေပြီး ၎င်းအနေနဲ့ အိမ်ရှင်အခွင့်အရေးအရ အုပ်စု(က)ရဲ့ ထိပ်ဆုံးနေရာမှာ အလိုအလျောက် ရပ်တည်ခွင့် ရမယ်လို့လည်းသိရပါတယ်။

play

 

မဲခွဲမှုကိုတော့ လာမယ့် မေလ ၄ ရက်နေ့ည ၇ နာရီခွဲအချိန်မှာ ယူအေအီအချိန် အတိုင်း ဒူဘိုင်းမြို့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ုနောက်ဆုံးအဆင့်ကို ထိပ်ဆုံးအသင်း ၁၂ သင်းမှာ ခြေစစ်ပွဲကစားစရာမလိုပဲ အလိုက်အလျောက် တိုက်ရိုက်အောင်မြင်ထားခဲ့ပြီး ဖြစ်ပြီး လက်ကျန် ၁၂ နေရာအတွက် ကျန်အသင်းများ ခြေစစ်ပွဲ ကစားခဲ့ကြတာ ဖြစ်ပါတယ်။

ယခု မဲအိုး ခွဲခြားထားမှုအရ မဲအိုး တူညီနေတဲ့အသင်းများဟာ တစ်အုပ်စုတည်း ကျရောက်နိုင်မှာ မဟုတ်ပဲ မဲအိုးတစ်အိုးစီမှ အသင်းများသာ လျှင် တစ်အုပ်စုစီ ကျရောက်မယ့်အနေအထားဖြစ်တာကြောင့် အိမ်ရှင် ယူအေအီးအသင်းအနေနဲ့ အုပ်စုတွင်းမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင် မြင်ထားတဲ့ ဂျပန်၊အာရှဖလား လက်ရှိချန်ပီယံ သြစတြေးလျ၊တောင်ကိုရီးယားနဲ့ ဆော်ဒီအာရေဗျအသင်းများကို ရှောင်လွှဲနိုင်ခဲ့သလို အာရှထိပ်သီး အီရန်အသင်းကိုလည်း ရှောင်လွှဲနိုင်ခဲ့ပါတယ်။

အုပ်စုများကို ၄ သင်းတစ်အုပ်စု ၆ အုပ်စု ခွဲခြားသွားမှာ ဖြစ်ပြီး အုပ်စု တစ်အုပ်စုချင်းစီမှ ထိပ်ဆုံး ၂သင်းစီနဲ့ အကောင်းဆုံး တတိယနေရာဆု ရအသင်း ၄ သင်းတို့ ပေါင်းက ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲကို ဆက်လက်ကစားစေမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပြိုင်ပွဲကိုတော့ လာမယ့် ၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၅ ရက်နေ့မှာ စတင်ယှဉ်ပြိုင်ကစားမယ်လို့ သိရပါတယ်။

Source- AFC.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD