AD
AD
AD

ဘရာဇီးလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ကာကာဟာ ၂၀၀၉ ခုနှစ်က အေစီမီလန်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့မိခဲ့တဲ့အတွက် နောင်တရမိကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

play

 

 ကာကာဟာ အေစီမီလန်အသင်းအတွက် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အတွင်း ပွဲပေါင်း ၃၀၇ ပွဲ ပါဝင်ကစားပေးခဲ့ပြီး ၁၀၄ ဂိုး သွင်းယူပေးခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အေစီမီလန်အသင်းနဲ့အတူ အဓိကဆုဖလား ၅ လုံးကို ကိုင်မြှောက်နိုင်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းထံ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

 ကာကာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တဲ့ ၂၀၀၉ ခုနှစ်ဘောလုံးရာသီမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့တောင်ပံကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုကလည်း ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းမှာ အေစီမီလန်အသင်း မှာတုန်းက ခြေစွမ်းအတိုင်း ကစားနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ၂၀၁၃ ခုနှစ်မှာ အေစီမီလန်အသင်းကို ပြန်လည်မပြောင်းရွှေ့မီအချိန်အထိ ပြိုင်ပွဲစုံ စုစုပေါင်း ပွဲ ၁၂၀ ကစားပေးခဲ့ပါတယ်။

play

 

 လက်ရှိအချိန်မှာ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကာကာဟာ ကစားသမားဘဝကနေ အနားယူခဲ့ပြီဖြစ်ပြီး အေစီမီလန်အသင်းမှာပဲ ကစားခဲ့သင့်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

"၂၀၀၉ ခုနှစ်မှာ ရီးရဲမက်ဒရစ်အသင်းရဲ့ကမ်းလှမ်းမှုကို ကျွန်တော် လက်ခံခဲ့တယ်။ ဒါပေမယ့် အဲဒီမှာ ကျွန်တော် လုံးဝခြေပျက် သွားတော့တာပဲ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော် အေစီမီလန်မှာ လုပ်ပြနိုင်ခဲ့သလို အဲဒီမှာ မလုပ်ပြနိုင်ခဲ့ဘူး။ လုံးဝကို ဆုံးရှုံးမှုကြီးနဲ့ ရင်ဆိုင်လိုက်ရတာပါ"

play

 

 "မော်ရင်ဟိုက ကျွန်တော့်အတွက် နားလည်ရခက်ခဲတဲ့ နည်းပြတစ်ဦးပါ။ ကျွန်တော်တို့မှာ အပြန်အလှန်လေးစားမှုတော့ရှိကြပါတယ်။ ဒါပေမယ့် သူနဲ့ကျွန်တော့်ရဲ့ဆက်ဆံရေးက ရှုပ်ထွေးပါတယ်။ ကျွန်တော့်ကို သူ အခွင့်အရေးပေးလိမ့်မယ်လို့ တွေးမိခဲ့တဲ့အချိန်တုန်းက ကျွန်တော် ပုံစံကောင်းရရှိနေပေမယ့် သူ့ကို သက်သေမပြနိုင်ခဲ့ပါဘူး"

play

 

 "ကျွန်တော် လေ့ကျင့်တယ်။ တိုက်ပွဲဝင်ခဲ့တယ်။ ပြီးတော့ ဆုတောင်းခဲ့တယ်။ ဒါပေမယ့် နည်းပြရဲ့ယုံကြည်မှု မရခဲ့ပါဘူး။ အဲဒီတော့ ကျွန်တော် သိခဲ့တယ်။ သူနဲ့ အလုပ်ဆက်လုပ်လို့ မရတော့ဘူးဆိုတာ" "သူနဲ့ပတ်သက်ပြီး ပျော်ရွှင်စရာဆိုလို့ သူ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာတုန်းက ကျွန်တော်ရရှိခဲ့တဲ့ မက်ဆေ့တစ်ခုပဲရှိပါတယ်။ သူက ကျွန်တော်ကို သူနဲ့လက်တွဲခဲ့ဖူးတဲ့ ပရော်ဖက်ရှင်နယ် အဆန်ဆုံး ကစားသမားတွေထဲက တစ်ဦးလို့ ပြောခဲ့တာပါ"လို့ ပြောပြခဲ့ပါတယ်။

play

 

ကာကာဟာ ရီးရဲမက်ဒရစ်အသင်းမှာ ၂၀၀၉ ခုနှစ်ကနေ ၂၀၁၃ခုနှစ်အထိ ကစားခဲ့ပြီး လာလီဂါဖလား ၁ ကြိမ်နဲ့ ကိုပါဒယ်ရေးဖလား ၁ ကြိမ် ရရှိခဲ့ပါတယ်။

Source : squawka

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD