AD
AD
AD

ယနေ့ နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲ ဆိုစီဒက်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ လာလီဂါ အမှတ်ပေးပွဲစဉ်မှာတော့ ရီးရဲ ဆိုစီဒက်အသင်းက ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

play

 

ယင်းကဲ့သို့ အက်သလက်တီကိုအသင်း ရှုံးနိမ့်ခဲ့တာကြောင့် ထိပ်ဆုံးမှ ဦးဆောင်နေတဲ့ ဘာစီလိုနာနဲ့ ရမှတ် ၁၂ မှတ်အထိ ကွာဟနေခဲ့ပြီလည်း ဖြစ်ပါတယ်။

play

 

လက်ရှိအချိန်မှာလည်း လက်ကျန်ပွဲကစားဖို့ ၅ ပွဲသာလိုတော့တာ ဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် နိုင်ပွဲတစ်ပွဲရရုံနဲ့ ၂၀၁၇-၁၈ ဘောလုံးရာ သီအတွက် လာလီဂါ ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဒါကြောင့် လာမယ့် ဧပြီ၂၉ ရက်နေ့မှာ ကစားမယ့် ဒီပိုံတီဗီုအသင်းနဲ့ ပွဲစဉ်မှာသာ အနိုင်ရရှိခဲ့ပါက ချန်ပီယံဘွဲ့ခံယူနိုင်တော့မှာဖြစ်ပါတယ်။

အက်သလက်တီကိုအသင်းကတော့ ဒုတိယနေရာနဲ့သာ ကျေနပ်ရဖို့များနေခဲ့ပြီ ဖြစ်ပြီး လာမယ့် ဧပြီလ ၂၆ ရက်နေ့မှာ ကစားရမယ့် ယူရိုပါလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အာဆင်နယ်ကို ထွက်ခွာရဖို့ရှိနေပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD