AD
AD
AD

လီဗန်တေးအသင်းကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် မာလာဂါအသင်းဟာ ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ဥရောပ ထိပ်တန်းလိဂ်(၅)ခု အတွင်း ပထမဆုံး တန်းဆင်းတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။

play

 

ပွဲချိန် မိနစ် ၉၀ ပြည့်လို့ နာကျင်အချိန်ပို ၃ မိနစ်ရောက်မှ အသည်းခွဲဂိုး သွင်းခံခဲ့ရတာ ဖြစ်ပြီး ဒီဂိုးကြောင့်လည်း မာလာဂါဟာ ဆီဂန်ဒါ ၁ ကို တန်းဆင်းခဲ့ရပြီလည်း ဖြစ်ပါတယ်။

play

 

လက်ကျန် ၅ ပွဲ ကျန်ရှိသေးပေမယ့်လည်း မာလာဂါရဲ့ ရမှတ်ဟာ ၃၃ ပွဲကစားပြီးချိန်မှာ ၁၇ မှတ်သာရရှိထားတာ ဖြစ်ပြီး အဆင့် ၁၇ နေရာက လီဗန်တေးအောက် ၁၇ မှတ်အထိ အမှတ်ပြတ်နေခဲ့ရပြီလည်း ဖြစ်ပါတယ်။

ဒါကြောင့် လက်ကျန် ၅ ပွဲစလုံးမှာ အနိုင်ရရှခဲ့ရင်တောင် ၁၅ မှတ်ပဲ ရရှိအုံးမှာ ဖြစ်တာကြောင့် မာလာဂါအသင်းဘယ်လိုမှ မမီနိုင်တော့တာ လည်း ဖြစ်ပါတယ်။

ယခုလို တန်းဆင်းခဲ့ရတဲ့ မာလာဂါအသင်းဟာ လွန်ခဲ့တဲ့ ၅ နှစ်က ဥရောပ ချန်ပီယံလိဂ် ပြိုင်ပွဲအထိ တက်လှမ်းယှဉ်ပြိုင်နိုင်ခဲ့တဲ့အသင်း ဖြစ်ခဲ့သ လို ကွာတားဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

မာလာဂါအသင်းဟာ ၂၀၀၇-၀၈ ဘောလုံးရာသီက တန်းတက်လာခဲ့တာ ဖြစ်ပြီး ၉ နှစ်အကြာမှာ ယခုလို တန်းပြန်ဆင်းခဲ့ရတာလည်း ဖြစ်ပါ တယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD