AD
AD
AD

ပရီးမီးယားလိဂ်မှာ မဟာပြိုင်ဖက်တွေအဖြစ် ရင်ဆိုင်နေကြတဲ့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ မန်ယူနည်းပြ မော်ရင်ဟိုတို့ နှစ်ဦးဟာ စပိန်မြေမှာ တော့ တစ်ဦးနဲ့တစ်ဦး ရင်းနှီးကျွမ်းဝင်ရုံမျှမက အချစ်တွေကိုပါ ဖလှယ်နေကြတဲ့ ပုံရိပ်တွေ ပျံ့နှံ့လျက်ရှိနေပါတယ်။

play

 

အကြောင်းကတော့ စပိန် ဂရက်ဖက်တီ ဒီဇိုင်းဆွဲ ပညာရှင် တဗ်ဘွိုင်းဟာ အငြင်းပွားစရာ ဖြစ်ပွားစေမယ့် ၎င်းတို့ နှစ်ဦးရဲ့ ပုံကို ရေးဆွဲခဲ့တာ ကြောင့်လည်း ဖြစ်ပါတယ်။

play

 

ဒီဇိုင်းမှာတော့ မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ မန်ယူ နည်းပြ မော်ရင်ဟိုတို့ဟာ အပြန်အလှန် နမ်းနေခဲ့ကြတာ ဖြစ်ပြီး ဂွါဒိယိုလာရဲ့ရင်ဘတ်မှာ တော့ ကတ်တလန်နိုင်ငံရေး လှုံ့ဆောင်သူတွေအတွက် ထောက်ခံတဲ့ ဖဲကြိုးဝါလေးကိုပါ ထည့်သွင်းရေးဆွဲထားတာကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါ တယ်။

အဲ့နောက် ၎င်းရဲ့ တီထွင်မှုကို ဒီဇိုင်းပညာရှင် တဗ်ဘွိုင်းက အင်စတာဂရမ်မှာ ထပ်မံ တင်ခဲ့တာကြောင့် ပျံ့နှံ့ခဲ့ရပြီး ယင်းကဲ့သို့ ပုံစံတူ ရေးဆွဲမှု မျိုးကိုလည်း အဆိုပါ ဂရက်ဖက်တီ ပညာရှင် တဗပ်ဘွိုင်းက ရေးဆွဲထားဖူးပြီး ရော်နယ်ဒိုနဲ့ မက်ဆီတို့အပြန်အလှန် နမ်းနေကြတဲ့ ပုံကို ရေးဆွဲခဲ့ တာလည်း ဖြစ်ပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD