AD
AD
AD

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဘရာဇီးလ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက ပိုပြီးကောင်းမွန်တဲ့ ပုံစံနဲ့အတူ ဘောလုံးကွင်းအတွင်း ပြန်လာမယ်လို့ ပြောဆိုကြုံးဝါးလိုက်ပါတယ်။

play

 

ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးကတော့ ကမ္ဘာ့ဖလားပွဲအမီ ဒဏ်ရာမှ ပြန်ကောင်းလာဖို့ မျှော်လင့်နေပြီးတော့ သူ့အနေနဲ့ ကမ္ဘာ့ဖလားပွဲကို ရုပ်သံကနေပဲ ကြည့်နေရတာမျိုးကို ဖြစ်လာမှာမဟုတ်ဘူးလို့လည်း မျှော်လင့်နေပါတယ်။ အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ တရုတ်လျှပ်စစ်ပစ္စည်း TCL ရဲ့ အရောင်းပွဲတော်ကို ရောက်ရှိလာခဲ့တဲ့ နေမာဟာ ဒဏ်ရာရထားတဲ့ ညာခြေထောက်ကို အကာအကွယ် တပ်ဆင်ထားရဆဲ ဖြစ်တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

play

 

မာဆေးလ်အသင်းကို အနိုင်ရခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ပွဲစဉ်မှာ နေမာဟာ ဒဏ်ရာရခဲ့တာဖြစ်ပြီးတော့ ရီယိုဒီဂျနေရိုးမှာ ခွဲစိတ်မှု ခံယူခဲ့တာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ ဒဏ်ရာအခြေအနေက တိုးတက်ကောင်းမွန်မှုတွေ ရှိလာခဲ့ပြီးတော့ ကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်နိုင်မယ်လို့လည်း ယုံကြည်နေခဲ့ပါတယ်။

play

 

" ဘယ်နေ့မှာ ပြန်ကစားနီုင်မလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး၊ ဒါက ကျွန်တော့်အတွက် နောက်ဆုံးစာမေးပွဲတစ်ခုလိုပါပဲ" လို့ နေမာက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင်-

play

 

" ကမ္ဘာ့ဖလားပွဲကို တီဗီကနေပဲ ကြည့်နေရတာမျိုး မဖြစ်စေချင်ဘူး၊ ကျွန်တော့်မှာ ပြင်ဆင်ချိန်အများကြီး ရှိပါသေးတယ်၊ ဒဏ်ရာက တဖြည်းဖြည်းနဲ့ ပိုပြီးကောင်းမွန်လာပါတယ်၊ ဒဏ်ရာမရခင်အနေအထားထက် ပိုပြီးကောင်းမွန်တဲ့ ပုံစံနဲ့ ကျွန်တော် ပြန်လာနိုင်မှာပါ" လို့လည်း နေမာက သူ့ရဲ့ မျှော်လင့်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

play

 

နေမာကတော့ ရီယိုဒီဂျနေရိုးမှာ သူ့ရဲ့ ချစ်သူနဲ့ ဈေးဝယ်ထွက်နေတာမျိုးတွေ ရှိနေပြီးတော့ ချိုင်းထောက်အကူအညီနဲ့ ခြေထောက်ကို ကာကွယ်ပေးထားတဲ့ အကာအကွယ်ပစ္စည်းကို တပ်ဆင်ထားရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ ဓာတ်ပုံတွေအရဆိုရင်တော့ နေမာရဲ့ ဒဏ်ရာဟာ ကမ္ဘာ့ဖလားပွဲအမှီ ပြန်လည်ကောင်းမွန်နိုင်ဖွယ်ရှိတယ်လို့လည်း ဒေးလီးမေးလ်က သုံးသပ်ဖော်ပြခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD