AD
AD
AD

စနေနေ့ မနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းတွေကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

- အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့နည်းပြသစ်အဖြစ် ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကို ခေါ်ယူဖို့အတွက် ချယ်လ်ဆီးနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပြုလုပ်တော့မယ်လို့ Daily Express က ဖော်ပြခဲ့ပါတယ်။

play

 

- မန်ယူကွင်းလယ်လူ မာတစ်က အသင်းဖော် ပေါ့ဂ်ဘာဟာ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦးဖြစ်ပြီးတော့ အသင်းအတွက် အရေးပါတဲ့ အခန်းကဏ္ဍမှ ပါဝင်နေတာမို့ သူ့ရဲ့ ခြေစွမ်းကို ပိုမိုထုတ်ဖော်ပြသဖို့အတွက် တိုက်တွန်းအားပေးလိုက်တယ်လို့ Daily Mail က ရေးသားခဲ့ပါတယ်။

play

 

- အလက်ဇန္ဒါးအာနိုးဟာ ကမ္ဘာ့ဖလားပွဲကို ၀င်ရောက်ကစားနိုင်ဖို့ အသင့်ဖြစ်နေပြီလို့ လီဗာပူးလ်နည်းပြ ယာဂင်ကလော့ပ်က ချီးကျူးလိုက်ပါတယ်။ ဒါပေမယ့်လည်း ကစားသမားအနေနဲ့ အားလပ်ရည်အနည်းငယ်တော့ ယူသင့်တယ်လို့လည်း ထင်မြင်မိကြောင်း ကလော့ပ်က ပြောကြားခဲ့ပါတယ်။

play

 

- ပေါလ်ပေါ့ဂ်ဘာအနေနဲ့ စီရော်နယ်ဒိုနဲ့အတူ ရီးရဲလ်မက်ဒရစ်မှာ ကစားချင်တဲ့ ဆန္ဒရှိနေကြောင်း Diario Gol က ဖော်ပြခဲ့ပါတယ်။ မန်ယူမှာ မော်ရင်ဟိုနဲ့ အဆင်မပြေဖြစ်နေတဲ့ ပေါ့ဂ်ဘာဟာ သူတွဲဖက်ကစားချင်တဲ့ ကစားသမားတွေထဲမှာ စီရော်နယ်ဒိုလည်း ပါဝင်တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ဖူးတာ ဖြစ်ပါတယ်။

play

 

- ၀က်စ်ဟမ်းအသင်းရဲ့ ယူရိုသန်း ၆၀တန် ကမ်းလှမ်းမှုကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီမာက ငြင်းဆန်ခဲ့တယ်လို့ Don Balon ကဖော်ပြခဲ့ပါတယ်။ ဘန်ဇီမာအနေနဲ့ ရီးရဲလ်မှာပဲ ဆက်လက်ကစားချင်တယ်လို့လည်း ရေးသားခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD