AD
AD
AD

ယခုနှစ် ၂၀၁၇-၁၈ ဘောလုံးရာသီ အာဆင်နယ်အသင်းနဲ့ နည်းပြ အာစင်ဝင်းဂါးတို့ရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်လို့ဆိုရမယ့် ယူရိုပါလိဂ် ဆုဖလားကြီးဟာ မက္ကဆီကို နိုင်ငံမှာ အခိုးခံခဲ့ရတယ်လို့ မက္ကဆီကို တာဝန်ရှိသူတွေက ထုတ်ဖော်ပြောလာခဲ့ပါတယ်။

play

 

အဆိုပါ ယူရိုပါလိဂ် ဆုဖလားကြီးအနေနဲ့ မက္ကဆီကိုနိုင်ငံကို လှည့်လည်ပြသနေချိန်မှာ အခိုးခံလိုက်ရတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play

 

၎င်းတို့ရဲ့ အဆိုအရ ဆုဖလားကြီးဟာ မက္ကဆီကိုရဲ့ အဓိက မြို့တော် လီယွန်မြို့အတွင်း လှည့်လည်ပြသနေစဉ်အခိုးခံခဲ့ရတယ်လို့ သိရပြီး မကြာ ခင်မှာပဲ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့လည်း သိရပါတယ်။

ယူအီးအက်ဖ်အေရဲ့ တရားဝင် စာမျက်နှာထက်မှာတော့ " အချိန်တိုင်းအတွက် အဆင်သင့်ဖြစ်နေအောင် ဆောင်ရွက်ထားပါတယ်။" လို့ ရေး သားဖော်ပြထားပါတယ်။

ကလပ်အသင်းများအတွက် အချိန်မီဆုဖလား ပြန်လည်မြင်တွေ့နိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုထားပြီး လက်ရှိမှာတော့ ပြန်လည်သိမ်း ဆည်းရမိပြီး ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

ယခု ဖြစ်ရပ်ဟာ ၁၉၆၆ ခုနှစ်က လန်ဒန်မြို့လယ်ကောင်မှာ ကမ္ဘာ့ဖလားကြီး ပျောက်သွားခဲ့ရပုံနဲ့ ဆင်တူတယ်လို့လည်း ဆိုနေကြပြီး ထိုစဉ်က ဆုဖလားကြီးကို ပြပွဲအခမ်းအနားကနေ ယူဆောင်သွားခဲ့ကြတာလည်း ဖြစ်ပြီး ပြန်လည်တွေ့ရှိချိန်မှာတော့ တောင်ပိုင်းလန်ဒန်မြို့တစ်နေရာ အသီးအရွက်ပုံတွေကြားထဲမှာ ပြန်လည်ရှာဖွေတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မက္ကဆီကိုကနေ အဆိုပါ ဆုဖလားကြီးကို ပြန်လည် သယ်ဆောင်ဖို့အတွက် မေလ ၁၆ ရက်နေ့မှာ အနိုင်ရမယ့်အသင်းက တာဝန်ယူသယ်ဆောင် သွားရမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

Source- Guardian

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD