AD
AD
AD

ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့်က ထွက်ခွာခဲ့ရမှုအပေါ် နာကျင်စွာ ခံစားရတယ်လို့ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်အပြီးမှာ အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါးက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လာမယ့်ရာသီကုန်မှာ အာဆင်နယ်အသင်းက ထွက်ခွာတော့မယ့် ၀င်းဂါးဟာ သူရဲ့ အာဆင်နယ်နည်းပြ နောက်ဆုံးဘောလုံးရာသီမှာ အသင်းနဲ့အတူ ဥရောပအောင်ပွဲရယူဖို့ မျှော်လင့်ခဲ့ပေမယ့် ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။

play

 

အက်သလက်တီကိုမက်ဒရစ်အသင်း နဲ့ ပွဲအပြီးမှာတော့ အာစင်ဝင်းဂါးရဲ့ ပြောစကားတွေကို စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။

play

 

" အရမ်းအရမ်းကို နာကျင်ခံစားရပါတယ်၊ ကံမကောင်းစွာနဲ့ပဲ ဒီပွဲကို ကျော်ဖြတ်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး၊ ဒီညပွဲအတွက် တော်တော်လေး စိတ်ထိခိုက်ရပါတယ်"

play

 

" ပထမအကျော့တုန်းကလိုပဲ ကျွန်တော်တို့ဟာ စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ကစားနိုင်ခဲ့ပါတယ်၊ အန္တရာယ်ပေးနိုင်တဲ့ အနေအထားမျိုးတွေကို ဖန်တီးနိုင်ခဲ့ပေမယ့် သူတို့ရဲ့ဂိုးဧရိယာအတွင်းမှာ လွဲချော်မှုတွေရှိခဲ့ပါတယ်"

play

 

" အသင်းကောင်းတစ်သင်းနဲ့ ကစားခဲ့ရတာဖြစ်ပြီးတော့ ဗိုလ်လုပွဲမှာ သူတို့တွေ ကံကောင်းပါစေလို့ ဆုတောင်းပေးချင်ပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ဟာ ဒီအဆင့်ကို ကျော်ဖြတ်ဖို့ လုံလောက်တဲ့စွမ်းအားရှိခဲ့တယ်လို့ ခံစားမိပါတယ်၊ အရေးကြီးတဲ့ အခိုက်အတန့်တွေမှာ အသင်းဟာ ကောင်းကောင်းမထိန်းချုပ်နိုင်ခဲ့တာက ပွဲရဲ့ အဖြေပါပဲ"

play

 

" ပထမအကျော့မှာ တစ်ဂိုးအသာနဲ့ ဦးဆောင်နိုင်ခဲ့ပြီးတော့ အရမ်းကို ညံ့ဖျင်းစွာနဲ့ပဲ ပေးဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရပါတယ်၊ ဒီနေ့ညပွဲမှာလည်း ကျွန်တော့်အသင်းဟာ ကစားပုံကောင်းမွန်နေတုန်းမှာပဲ တန်ပြန်တိုက်စစ်ကတဆင့် သွင်းဂိုးတစ်ဂိုး ခွင့်ပြုခဲ့ရပြန်ပါတယ်"

play

 

" အက်သလက်တီကိုအသင်းဟာ ပထမပိုင်းမှာ တုန်လှုပ်စွာကစားသွားခဲ့ပြီး ကျွန်တော်တို့သာ ဂိုးသွင်းနိုင်ခဲ့ရင် ပြိုင်ပွဲက ထွက်ခွာရမှာ သူတို့ပါ၊ ဒါပေမယ့် သွင်းဂိုးတစ်ဂိုးကို သူတို့ရယူသွားနိုင်ခဲ့ပြီး သူတို့ရဲ့ကစားပုံကို ကာကွယ်နိုင်ခဲ့ပါတယ်၊ ဘောလုံးပိုင်ဆိုင်ခွင့်တွေ ဆုံးရှုံးခဲ့ရပါတယ်၊ ဒီယေဂိုကော်စတာကတော့ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲက တစ်ယောက်ပါပဲ"

play

 

" ကိုစီယယ်နီရဲ့ ဒဏ်ရာမပြင်းထန်ဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်၊ ဒါပေမယ့် သူ လဲကျသွားတဲ့အခိုက် ပထမဆုံးမြင်လိုက်ရတာကတော့ တော်တော်လေး ဆိုးဝါးတဲ့ အနေအထားပါပဲ"

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD