AD
AD
AD

စနေနေ့ နံနက်ပိုင်း နောက်ဆုံးရ အားကစားသတင်းများကို စုစည်းဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ နာပိုလီအသင်းရဲ့ ကြယ်ပွင့်ကစားသမား မာတင်စ်ကို လာမယ့်နွေရာသီမှာ အရခေါ်ယူနိုင်ဖို့ မျှော်လင့်နေကြောင်း The Sun က ဖော်ပြခဲ့ပါတယ်။ အသက် (၃၀) အရွယ်ရှိ ကစားသမားဟာ အီတလီမြေမှာ အကောင်းဆုံးခြေစွမ်းပြနေတာ ဖြစ်ပြီးတော့ နာပိုလီအသင်းအတွက် ဘောလုံးရာသီ (၂) ရာသီအတွင်း သွင်းဂိုး (၄၅) ဂိုးထိ ရယူနိုင်ခဲ့ပါတယ်။ မန်ယူအသင်းက မာတင်စ်ကို ပေါင် (၂၅)သန်းမျှနဲ့ ခေါ်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

play

 

- ဆန်းတို့စ်အသင်းမှာ အသက် (၁၇) နှစ်အရွယ် တောင်ပံကစားသမား ရိုဒရိုင်ဂိုကို ခေါ်ယူဖို့ ဘာစီလိုနာက ကြိုးစားနေတယ်လို့ သိရပါတယ်။ နေမာလက်သစ်လို့ တင်စားခြင်းခံနေရတဲ့ ကစားသမားလေးဟာ ဆန်းတို့စ်အသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ စာချုပ်သက်တမ်း ရှိနေပြီးတော့ စာချုပ်ပါလျော်ကြေးကတော့ ယူရို သန်း (၅၀) အထိ ရှိကြောင်း သိရပါတယ်။

play

 

- မိုဟာမက်ဆာလာကို နွေရာသီမှာ အရမခေါ်ယူနိုင်ပါက ရီးရဲလ်အသင်းဟာ ဂရစ်မန်းဇ်ကို ခေါ်ယူဖို့အတွက် အရံသင့်စဉ်းစားထားကြောင်း Don Balon က ဖော်ပြခဲ့ပါတယ်။ ဆာလာအတွက် ရီးရဲလ်ဟာ ယူရိုသန်း ၂၀၀ အထိ အသုံးပြုမှာ ဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းကတော့ သူတို့ရဲ့ အဓိကကစားသမားကို လွယ်လင့်တကူ ရောင်းချဖွယ် မရှိတာကြောင့် ဂရစ်မန်းဇ်ကို နောက်တဆင့်အနေနဲ့ ရီးရဲလ်က ခေါ်ယူဖို့ ပြင်ဆင်ထားတာ ဖြစ်ပါတယ်။

play

 

- မိုနာကိုအသင်းရဲ့ နည်းပြ ယာဒင်ဟာ လာမယ့်နွေရာသီမှာ မိုနာကိုနည်းပြရာထူးမှ နှုတ်ထွက်ဖွယ်ရှိကြောင်း The Sun ရဲ့ ဖော်ပြချက်အရ သိရပါတယ်။ မိုနာကိုအသင်းကို ပြင်သစ်လီဂူးအမှတ်ပေးချန်ပီယံဖြစ်အောင် စွမ်းဆောင်ပေးထားနိုင်ခဲ့တဲ့ ယာဒင်ဟာ ဒီနှစ်ဘောလုံးရာသီ မှာတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက်ပဲ ရုန်းကန်နေခဲ့ရပါတယ်။ ယာဒင်အနေနဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ နည်းပြရာထူးကို စိတ်ဝင်စားနေတယ်လို့လည်း သတင်းများက ဖော်ပြခဲ့ပါတယ်။

play

 

- မန်စီးတီးကွင်းလယ်လူ ယာယာတိုရေးဟာ အင်္ဂလန်မှာပဲ ဆက်လက်ကစားလိုနေပြီးတော့ ပြင်ပနိုင်ငံတွေကို မသွားချင်ဘူးလို့ မန်ချက်စတာညနေခင်းသတင်းစာက ဖော်ပြခဲ့ပါတယ်။ မန်စီးတီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေခဲ့တဲ့ တိုရေးဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်ပြည့်တော့မှာ ဖြစ်ပြီး တရုတ်စူပါလိဂ်ကလပ်တွေရဲ့ ကမ်းလှမ်းမှုတွေ ရှိပေမယ့် ပရီးမီးယားလိဂ်မှာ ကစားချင်နေတာ ဖြစ်ပါတယ်။

Source : Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD