AD
AD
AD

ဦးဏှောက်အတွင်းသွေးယိုမှုကြောင့် အရေးပေါ်ခွဲစိတ်ကုသမှုခံယူခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ကို အာဆင်နယ်နည်းပြကြီး အာစင်ဝင်းဂါးက ဆုတောင်းစကားပြောကြားခဲ့ပါတယ်။ အသက် (၇၆) နှစ်အရွယ်ရှိ ဖာဂူဆန်ဟာ ဆဲလ်ဖို့ဒ်ရွိုင်ရယ် ဆေးရုံမှာ တက်ရောက်ကုသနေရတာ ဖြစ်ပြီးတော့ မန်ချက်စတာယူနိုက်တက်နည်းပြဘ၀မှ ၂၀၁၃ ခုနှစ်မှာ အနားယူခဲ့တာ ဖြစ်ပါတယ်။

play

 

" သူက သန်မာတဲ့ လူတစ်ယောက်ပါ " လို့ ၀င်းဂါးက ကနဦးအနေနဲ့ ပြောဆိုခဲ့ပါတယ်။ " သူ့အတွက် ကျွန်တော်တို့အားလုံး အကောင်းဆုံး ဆုမွန်ကောင်းတောင်းပေးနေသလို အမြန်ဆုံးသက်သာလာဖို့လည်း မျှော်လင့်နေပါတယ်၊ သူနဲ့ ပြီးခဲ့တဲ့ အပတ်ကပဲ ကျွန်တော်တို့ တွေ့ခဲ့ပါတယ်၊ သူက အရမ်းပျော်ရွှင်နေခဲ့တာပါ၊ သူ့ကိုမြင်နေရတာ အားလုံးပြီးပြည့်စုံနေသလိုပါပဲ၊ သူ မကြာခဏဆိုသလို လေ့ကျင့်ခန်းတွေ လုပ်တယ်လို့လည်း ကျွန်တော့်ကို ပြောခဲ့ပါသေးတယ်" လို့ ၀င်းဂါးက ဆာအဲလက်စ်နဲ့ ပတ်သက်ပြီးတော့ ပြောကြားခဲ့ပါတယ်။

 

ဖာဂူဆန်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ မန်ယူနဲ့အာဆင်နယ်တို့ရဲ့ ပွဲမှာ အာစင်ဝင်းဂါးကို အမှတ်တရဂုဏ်ပြုလက်ဆောင် ချီးမြှင့်ပေးခဲ့ ပြီးတော့ သူတို့နှစ်ဦးဟာ ရင်းနှီးစွာနဲ့ စကားပြောဆိုခဲ့ကြပါသေးတယ်။ ပရီးမီးယားလိဂ်ရဲ့ ပြိုင်ဘက်ဖြစ်ခဲ့တဲ့ နည်းပြကြီး (၂)ဦးဟာ ဘောလုံးကွင်း အတွင်းမှာ ပထမဆုံးအကြိမ် မိတ်ဆွေတွေအဖြစ် တွေ့ဆုံခဲ့ကြတာလည်း ဖြစ်ပါတယ်။

play

 

ဆာအဲလက်စ်ဖာဂဆန်ဟာ ဗြိတိန်နိုင်ငံမှာ အအောင်မြင်ဆုံးနည်းပြတစ်ယောက်ဖြစ်ပြီးတော့ ပရီးမီးယားလိဂ်ဆုဖလား (၁၃) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၂)ကြိမ်၊ လိဂ်ဖလား (၄) ကြိမ်နဲ့ အက်ဖ်အေဖလား (၅) ကြိမ် ဆွတ်ခူးပေးခဲ့တဲ့ နည်းပြကြီးလည်း ဖြစ်ပါတယ်။ ၁၉၉၉ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ်ဖလား၊ အမှတ်ပေးဖလား နဲ့ အက်ဖ်အေဖလားတို့ကို ရယူနိုင်ခဲ့ပြီး ဖလား (၃)လုံး ရရှိခဲ့မှုဟာ ကျော်ကြားခဲ့ပါတယ်။

 

ဘောလုံးလောကမှ အခြားသောသူများ၏ ဆုတောင်းစကားသံများ

______________________________________________

play

 

ပက်ဂွာဒီယိုလာ (မန်စီးတီးနည်းပြ) - " သူ့ရဲ့ ဇနီးကေသီ၊ မန်ချက်စတာယူနိုက်တက်မိသားစုတို့နဲ့အတူ ကျွန်တော်တို့တွေ ရှိနေပါတယ်၊ သူနဲ့ လွန်ခဲ့တဲ့ (၂) ပတ်ကမှ ညစာစားခဲ့ပါသေးတယ်၊ သူ အမြန်ဆုံး ပြန်လည်သက်သာလာဖို့ မျှော်လင့်မိပါတယ်"

play

 

ကွန်တီ (ချယ်လ်ဆီးနည်းပြ) - " အရမ်းစိတ်မကောင်းဖြစ်ရပါတယ်၊ သူတို့ဇနီးမောင်နှံဟာ တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်၊ သူက သာမာန်လူပုဂ္ဂိုလ်မဟုတ်ပါဘူး၊ သူ့ရဲ့နည်းပြဘ၀မှာ အောင်မြင်မှုအများပြားရရှိထားခဲ့တဲ့ လူတစ်ယောက်ပါ၊ မနေ့ကကြားလိုက်ရတဲ့ သတင်းက အရမ်းဆိုးဝါးပါတယ်၊ သူအမြန်ဆုံးသက်သာလာဖို့ ဆုတောင်းပေးပါတယ်၊ သူနဲ့အနီးဆုံးမှာ ရှိနေပါတယ်"

play

 

ယာဂင်ကလော့ပ် (လီဗာပူးလ်နည်းပြ) - " လန်ဒန်ကိုရောက်နေတုန်း ဒီသတင်းကို ကြားရတောတာပပါပဲ၊ ဘယ်လိုမှမယုံကြည်နိုင်ပါဘူး၊ သူ့အတွက် ရာနှုန်းပြည့် ဆုတောင်းပေးနေပါတယ်၊ သူနဲ့ သူ့မိသားစုအတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းပေးနေမှာပါ"

play

 

စကူဒါမိုး (ပရီးမီးယားလိဂ်အမှုဆောင်ချုပ် ) - " လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၀)အတွင်းမှာ သူဟာ ဘောလုံးလောကရဲ့ အမှတ်အသား တစ်ခုဖြစ်ခဲ့တာပါ၊ သူ့ အမြန်ဆုံးပြန်လည်ကျန်းမာလာစေဖို့ အရေးကြီးပါတယ်၊ ဒီအတွက် သူနဲ့ သူ့မိသားစုအတွက် ကျွန်တော် ဆုမွန်ကောင်းတောင်းပေးနေပါတယ်"

ှSource : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD