AD
AD
AD

အင်္ဂါနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play

 

- အာဆင်နယ်အသင်းဟာ အသင်းကွင်းလယ်လူ ၀ီရှီးယားကို စာချုပ်သက်တမ်းတိုးဖို့အတွက် ကြိုးစားနေတယ်လို့ Telegraph က ဖော်ပြခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ အစောပိုင်းကတော့ ၀ီရှီးယားကို နွေရာသီမှာ အသင်းကထွက်ခွာခွင့်ပေးဖို့ ဆုံးဖြတ်ထားပေးမယ်လည်း အခုအခါမှာတော့ အသင်းမှာ တစ်ပတ် ပေါင်တစ်သိန်းတစ်သောင်းနဲ့ အပိုဆုကြေးများ ပေးချေပြီး ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

play

 

- ဘာစီလိုနာအသင်းက ထွက်ခွာတော့မယ့် အင်နီယေစတာကို တရုတ်စူပါလိဂ်ကလပ်တွေက စိတ်ဝင်စားနေပေမယ့် လက်တွေ့မှာ ခေါ်ယူမှုဖြစ်မြောက်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ တရုတ်စူပါလိဂ် ကလပ်အသင်းတစ်သင်းဖြစ်တဲ့ Chongqing Dangdai Lifan ရဲ့ ထုတ်ဖော်ပြောကြားချက်အရ အင်နီယေစတာနဲ့ စာချုပ် ချုပ်ဆိုဖို့အတွက် ခက်ခဲမှုတွေ ရှိနေပြီးတော့ စာချုပ်အတွက် သဘောတူညီမှုမရရှိခဲ့ဘူးလို့လည်း သိရပါတယ်။

play

 

- မေဂျာလိဂ်ကလပ် ချီကာဂိုဖိုင်းယားအသင်းဟာ အက်သလက်တီကိုအသင်း တိုက်စစ်မှူး ဖာနန်ဒိုတောရက်စ်ကို ခေါ်ယူဖို့အတွက် စိတ်ဝင်စားနေပါတယ်။ လက်ရှိမှာ ချီကာဂိုအသင်းနဲ့တောရက်စ်တို့ဟာ စာချုပ်အတွက် ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့လည်း သိရပါတယ်။ တောရက်စ်ကတော့ ရာသီကုန်မှာ သူ့ရဲ့ မိခင်ကလပ်အက်သလက်တီကိုအသင်းကနေ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီး ဖြစ်ပါတယ်။

play

 

- ဘာစီလိုနာနည်းပြဟောင်း လူးဝစ္စအင်းနရစ်ဟာ အာဆင်နယ်နည်းပြရာထူးအတွက် တစ်နှစ်ကို ပေါင် ၁၅သန်းခန့် လစာအဖြစ် အလိုရှိနေတယ်လို့ သိရပါတယ်။ အာဆင်နယ်အသင်းကလည်း ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင်မှာ အသင်းရဲ့ နည်းပြသစ်ကို ကြေငြာမှုပြုလုပ် ချင်နေပြီးတော့ လက်ရှိအချိန်ထိ နည်းပြသစ်ကို ခန့်အပ်ရခြင်းမရှိသေးဘူးလို့ သိရပါတယ်။

play

 

- အက်သလက်တီကိုမက်ဒရစ်အသင်းဟာ မန်ယူအသင်းမှာ ကွင်းလယ်လူ ဟာရဲရား နဲ့ တိုက်စစ်မှူး မာရှယ်တို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း El Gol Digital ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ ဟာရဲရားကလည်း မန်ယူအသင်းမှာ သူ့ရဲ့ အနေအထားအပေါ် ပြန်လည်စဉ်းစားနေပြီးတော့ မာရှယ်ကတော့ အသင်းကနေ ထွက်ခွာဖို့အတွက် မော်ရင်ဟိုက ခွင့်ပြုလိုက်ပြီလို့ သိရပါတယ်။ အဆိုပါ ကစားသမားနှစ်ယောက်အတွက် အက်သလက်တီကိုအသင်းက ယူရိုသန်း ၈၀ခန့် သုံးစွဲသွားဖွယ်လည်း ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD