AD
AD
AD

မန်ယူအသင်း နည်းပြကြီး မော်ရင်ဟိုက ESPN Brazil နဲ့ တွေ့ဆုံတဲ့ အစီအစဉ်မှာ ပေါ်တူဂီစတား စီရော်နယ်ဒိုအတွက် မဖြစ်နိုင်တာ ဘာမှမရှိဘူးလို့ မှတ်ချက်ပြုပြီး ၂၀၁၈ ကမ္ဘာ့ဖလားကို ပေါ်တူဂီအသင်းနဲ့အတူ စီရော်နယ်ဒို ဆွတ်ခူးနိုင်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ ပါတယ်။ ချယ်လ်ဆီး၊ ရီးရဲလ်၊ အင်တာ၊ ပေါ်တို အစရှိတဲ့ အသင်းနည်းပြဟောင်းဟာ နိုင်ငံအသင်းနည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်ထားခြင်း မရှိသေးပေမယ့် ရုရှကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ရုပ်သံအစီအစဉ် တင်ဆက်သူအဖြစ် ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

play

 

အသက် (၅၅) နှစ်အရွယ်ရှိ မော်ရင်ဟိုက ကမ္ဘာ့ဖလားပွဲမှာ ဘရာဇီးလ်၊ အာဂျင်တီးနား နဲ့ စပိန်အသင်းတို့က ဗိုလ်စွဲဖို့ ရေပန်းစားနေပေမယ့် ပေါ်တူဂီအသင်းကိုလည်း လျှော့တွက်လို့မရဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ " ပေါ်တူဂီအသင်းလူစာရင်းက စိတ်ဝင်စားစရာပါပဲ၊ စီရော်နယ်ဒို မပါဘူးဆိုရင်တော့ မဖြစ်နိုင်ပါဘူး၊ ဒါပေမယ့် သူ ပါဝင်နေပြီဆိုရင်တော့ မဖြစ်နိုင်ဘူးဆိုတာ မရှိနိုင်ပါဘူး" လို့ ပြောကြားခဲ့ပါတယ်။

play

 

လီယွန်နယ်မက်ဆီပါဝင်တဲ့ အာဂျင်တီးနားအသင်းရော ကမ္ဘာ့ဖလားဖိုင်နယ်ကို တက်ရောက်နိုင်မလားဆိုတဲ့ မေးခွန်းကိုလည်း မော်ရင်ဟိုက - " မက်ဆီမပါတဲ့ အာဂျင်တီးနားအသင်းဟာ အသင်းကောင်းတစ်သင်း၊ ပြိုင်ဘက်ကောင်းတစ်သင်းမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်၊ သူပါဝင်လာပြီဆိုရင်တော့ သူတို့အသင်းကလည်း ရေပန်းစားတဲ့ အသင်းတစ်သင်းဖြစ်လာမှာပါ" လို့လည်း မော်ရင်ဟိုက ဖြေကြားခဲ့ပါတယ်။

play

 

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရေပန်းအစားဆုံး အသင်းတွေအဖြစ်တော့ မော်ရင်ဟိုက ဘရာဇီးလ်နဲ့စပိန်တို့ကို ညွှန်းဆိုခဲ့ပြီး သူ့ရဲ့ အမြင်ကို သုံးသပ်ခဲ့ပါတယ်။ " ဘရာဇီးလ်အသင်းရဲ့ အခြေခံတည်ဆောက်မှုကို တကယ်သဘောကျမိတယ်၊ သူတို့က နည်းစနစ်ပိုင်းရော၊ စိတ်ပိုင်းဆိုင်ရာမှာရော အကောင်းဆုံးဖြစ်နေတာပါ၊ ဒါက ဘရာဇီးလ်တို့ရဲ့ ရိုးရာအရည်အသွေးပါပဲ" လို့လည်း သူက ချီးကျူးခဲ့ပါတယ်။

play

 

စီရော်နယ်ဒို ဦးဆောင်မယ့် ပေါ်တူဂီအသင်းကတော့ ပြီးခဲ့တဲ့ ယူရို ၂၀၁၆ မှာ ချန်ပီယံဖြစ်ခဲ့ပြီးတော့ စီရော်နယ်ဒိုဟာလည်း ဗိုလ်လုပွဲမှာ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပေမယ့် ကွင်းဘေးနားကနေ အသင်းကို အသင်းခေါင်းဆောင်ပီသစွာနဲ့ ညွှန်ကြားမှုများ ပြုလုပ် ပေးခဲ့ပါတယ်။ ဒီနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဟာ စီရော်နယ်ဒိုအတွက်တော့ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာဖို့ ရှိနေပြီး နိုင်ငံအသင်းအတွက် အကြီးမားဆုံးအောင်မြင်မှုကို ရယူပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD