AD
AD
AD

ယနေ့ မနက်ပိုင်းက ကစားခဲ့တဲ့ပြင်သစ်ရှုံးထွက်ဖလား ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းက တတိယတန်းမှ လက်စ်ဟာဘီယာအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိပြီး ဆုဖလား ဆွတ်ခူးနိုင်ခဲ့ပါတယ်။

play

 

ပီအက်စ်ဂျီအသင်းအတွက် ဂိုးတွေကိုတော့ ဂျီယိုဗန်နီ လော့ဆဲလ်ဆိုနဲ့ ကာဗာနီတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ၁၂ ကြိမ်မြောက် ပြင်သစ်ရှုံး ထွက်ဖလားကို ရရှိစေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ယခုပွဲစဉ်မှာ အနိုင်ရခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ပြည်တွင်း ပြိုင်ပွဲတွေမှာ ၄၂ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကို ပိုင်ဆိုင်ထားနိုင်ပြီလည်း ဖြစ်ကာ အမှတ်ပေးပြိုင်ပွဲမှာတော့ လက်ကျန် ၂ ပွဲကစားဖို့ ကျန်ရှိနေပါသေးတယ်။

ယခု ပီအက်စ်ဂျီအသင်းနဲ့ ဗိုလ်လုပွဲကစားခဲ့တဲ့ အသင်းမှာ ပြင်သစ် တတိယတန်းမှ အသင်းတစ်သင်းဖြစ်ပြီး အဆိုပါ တတိယတန်းမှာ တန်းမ ဆင်းရရေး ရုန်းကန်နေရတဲ့အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။

ယခုရရှိတဲ့ ပြင်သစ်ရှုံးထွက်ဖလားဟာ ၄ ကြိမ်ဆက်ရယူနိုင်ခဲ့တာ ဖြစ်ပြီး ပြင်သစ်လိဂ်ဖလားကိုလည်း ၃ ကြိမ်ဆက်ရယူထားနိုင်ခဲ့တာလည်း ဖြစ် ပါတယ်။

ယခုလို ရယူထားနိုင်ခဲ့ပေမယ့်လည်း ပီအက်စ်ဂျီအသင်းရဲ့ စပိန်နည်းပြ အူနိုင်းအမ်မရီကိုတော့ ပီအက်စ်ဂျီအသင်းက စာချုပ်ဆက်လက် ချုပ်ဆို တော့မှာ မဟုတ်ဘူးလို့လည်း သတင်းထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ ရာသီအကုန်မှာ စာချုပ်သစ်ချုပ်ဆိုတော့မှာ မဟုတ်တာကြောင့်လို့လည်းသိရပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ပြည်တွင်း ပြိုင်ပွဲတွေမှာ အောင်မြင်မှုတွေ ရယူထားနိုင်ပေမယ့် ဥရောပ အဆင့်ပြိုင်ပွဲတွေမှာတော့ အောင်မြင်မှု မရ ယူနိုင်ပဲ ရှိနေပြီး ၎င်းတို့အသင်းအလိုချင်ဆုံးဖြစ်တဲ့ ချန်ပီယံလိဂ် ဆုဖလားကြီးကို ပိုင်ဆိုင်နိုင်ဖို့အတွက် ယခုနှစ်ရာသီမှာ နေမာ၊ဘတ်ပေး စတဲ့ ခြေစွမ်းမြင့်ကစားသမားတွေကို ဈေးကြီးပေးပြီးခေါ်ယူခဲ့ပေမယ့်လည်း အောင်မြင်မှု မရယူနိုင်ခဲ့တာကြောင့် ယခုလို နည်းပြ အူနိုင်းအမ်မရီကို စာ ချုပ်သက်တမ်း မတိုးဖို့ ဖြစ်လာတာလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD