AD
AD
AD

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန် ဘွန်ဒက်လီဂါ အမှတ်ပေးပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ် အသင်းကို အိမ်ကွင်းမှာ ကစားရပေမယ့် ၄-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

play

 

ရလဒ်ပိုင်းအရေးမပါတော့တာကြောင့်ပွဲအပြီးမှာတော့ ဘိုင်ယန်မြူးနစ်အသင်းဟာ အမှတ်ပေးဆုဖလားကို ကိုင်မြှောက်ခဲ့နိုင်ပေမယ့် ၂ နှစ်တာ တင်ရှိထားတဲ့ အိမ်ကွင်းရှုံးပွဲမရှိ စံချိန်ကောင်းကိုတော့ လက်လွှတ်ခဲ့ရပါတယ်။

play
နည်းပြသစ်ဖြစ်လာမယ့် နီကို ကိုဗက်

 

ဒါ့အပြင် ယခုနှစ် ဘောလုံးရာသီမှာ ၃၇ ပွဲဆက် ရှုံးပွဲမရှိစံချိန်ကောင်းကလည်း အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှသာ ပျက်ပြယ်ခဲ့ရတာလည်း ဖြစ်ပါ တယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုတစ်ကြိမ်ရရှိတဲ့ အမှတ်ပေးဖလားဟာ ၆ ကြိမ်ဆက်ရရှိခဲ့တဲ့ ဆုဖလား ဖြစ်ပြီး အသင်းကို ယခုနှစ်မှာ ဆုဖလား ရရှိအောင် နည်းပြပေးတဲ့ လိဂ် (၅)ခုမှ အသက်အကြီးရင့်ဆုံးနည်းပြကြီး ဂျက်ဟေးနက်ကတော့ လာမယ့် စနေနေ့မှာ ဖရန့်ဖတ်အသင်းနဲ့ ကစား မယ့် ဂျာမန်ဖလား ဗိုလ်လုပွဲအပြီးမှာ အနားယူတော့မယ်လို့လည်း သိရပါတယ်။

၎င်းနေရာမှာတော့ ဘိုင်ယန်မြူးနစ် ကစားသမားဟောင်းတစ်ဦးဖြစ်သလို ယခု ဂျာမန်ဖလား ဗိုလ်လုပွဲ ကစားရမယ့် ပြိုင်ဖက်အသင်း ဖရန့်ဖတ် အသင်းရဲ့ လက်ရှိနည်းပြ နီကို ကိုဗက်ကိုအစားထိုးခန့်အပ်သွားမယ်လို့လည်း သိရပါတယ်။

ပြီးဆုံးခဲ့တဲ့ ၂၀၁၇-၁၈ ဂျာမနီဘောလုံးရာသီရဲ့ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက စုစုပေါင်း သွင်းဂိုး ၂၉ ဂိုးနဲ့ ဆွတ်ခူးခဲ့ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD