AD
AD
AD

တနင်္ဂနွေနေ့ ညနေက ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ ပွဲစဉ်မှာတော့ ဂိုးမရှိသရေပွဲနဲ့ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျူဗင်တပ်စ်အသင်းဟာ လက်ကျန်တစ်ပွဲအလိုမှာ ဒုတိယနေရာမှ နာပိုလီအသင်းကို လေးမှတ်အထိ ဖြတ်ထားနိုင်ခဲ့ တာကြောင့် စကူဒတ်တိုဖလားကို ဆွတ်ခူးရရှိသွားပြီလည်း ဖြစ်ပါတယ်။

play

 

ပွဲချိန်ပထမပိုင်းမှာတော့ ဂျူဗင်တပ်စ်အသင်းဟာ အခွင့်အရေးအနည်းငယ် ရရှိခဲ့ပြီးတော့ အသုံးမချနိုင်ခဲ့တာကြောင့် ဂိုးမရရှိခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း ဒိုင်ဘာလာရဲ့ လှပတဲ့ကန်ချက်နဲ့ ဂိုးသွင်းယူခဲ့ပေမယ့် လူကျွံနေခဲ့တာကြောင့် ဂိုးအဖြစ် သတ်မှတ် မခံခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။ ရိုးမားကွင်းလယ်လူ နိုင်ဂိုလန်ကတော့ ဒုတိယပိုင်းမှာ အ၀ါကတ် (၂)ကြိမ် ထိခဲ့တာကြောင့် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပါတယ်။

play

 

သရေနဲ့သာ ပြီးဆုံးခဲ့ပေမယ့် ဂျူဗင်တပ်စ်အသင်းအတွက် လုံလောက်တဲ့ ရမှတ်ရရှိခဲ့တာကြောင့် အိုလီပီကိုကွင်းကြီးအတွင်းမှာ ဂျူဗင်တပ်စ် အသင်းဟာ ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းအတွက်တော့ (၇) ကြိမ်ဆက်တိုက် အမှတ်ပေးဖလားကို ရရှိခဲ့တာ ဖြစ်ပြီး စီးရီးအေသမိုင်းတလျှောက် အကောင်းဆုံးစံချိန်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

play

 

ဒါ့အပြင် ဒီနှစ်ဘောလုံးရာသီရဲ့ သက်ဆိုင်ရာအမှတ်ပေးပြိုင်ပွဲတွေမှာ ပြည်တွင်းဖလားတွေကို ရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ်အသင်းတို့လို့ပဲ ဂျူဗင်တပ်စ်အသင်းဟာ ပြည်တွင်းဖလားတွေကို ရယူနိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ပြည်တွင်းဖလား (၂)လုံးကို ဂျူဗင်တပ်စ်အသင်းအနေနဲ့ (၄)နှစ်ဆက်တိုက် ရရှိခဲ့တဲ့ မှတ်တမ်းကောင်းကိုလည်း ပိုင်ဆိုင်ခဲ့ပါတယ်။

play

 

နာပိုလီအသင်းရဲ့ ဖိအားပေးမှုတွေ၊ ခြေချော်မှုတွေကြားထဲမှာ စီးရီးအေဆုဖလားတိုက်ပွဲဟာ စိတ်ဝင်စားစရာကောင်းခဲ့ပြီးတော့ ဂျူဗင်တပ်စ်အသင်းက အမှားအယွင်းကို ပြန်လည်ပြင်ဆင်နိုင်မှု၊ အခွင့်အရေးကို မလွတ်တမ်းဆုပ်ကိုင်နိုင်မှုတို့ကြောင့် အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီးတော့ အီတလီမှာ ပြိုင်ဘက်မရှိ ကြီးစိုးနိုင်တဲ့ အသင်းဖြစ်လာခဲ့ပါတယ်။

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD