AD
AD
AD

အင်္ဂါနေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရ အပြောင်းအရွှေ့ အားကစားသတင်းများကို စုစည်း ဖော်ပြပေးထားပါတယ်။

- မန်စီးတီး နည်းပြ ဂွါဒီယိုလာက ရီးရဲအသင်းမှ ကွင်းလယ်လူ တိုနီခရူးစ်ကို အလိုရှိနေတယ်လို့ သိရပါတယ်။ခရူးစ်မှာ မန်ယူ နည်းပြမော်ရင်ဟို ရဲ့ အဓိက ပစ်မှတ်ဖြစ်ပြီး ဂွါဒီယိုလာကတော့ လက်လွှတ်မခံနိုင်မယ့် အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။ခရူးစ်မှာ ဂွါဒီယိုလာနဲ့ အတူ ဘိုင်ယန်မြူးနစ်အသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play

 

- စပါးအသင်းရဲ့နည်းပြ ပွန်ချက်တီနိုက ရာသီသစ်အတွက် ပြင်ဆင်တဲ့အနေနဲ့ ကစားသမား ၅ ဦးလောက်ကို ထုတ်ရောင်းသွားမယ်လို့သိရပါ တယ်။ပွန်ချက်တီနိုက အသင်းရဲ့ ပိုင်ရှင်ထံကနေ ပြောင်းရွှေ့စရိတ်မြင့်မားစွာရယူလိုနေပြီး နာမည်ကြီး ကစားသမားအချို့ကို ခေါ်ယူချင်နေတယ် လို့လည်းသိရပါတယ်။စပါးအသင်းကနေ ရောင်းထုတ်ချင်နေတဲ့ ကစားသမားတွေကတော့ အန်ဒါဝီရယ်လ်၊ဒန်နီရို့စ်၊ဒမ်ဘီလီ၊လော်ရန်တေးနဲ့ ဆစ်ဆိုကိုတို့ပဲ ဖြစ်ပါတယ်။

play

 

- ချဲလ်ဆီးအသင်းဟာ အသင်းကနေ ထွက်ခွာဖို့သတင်းထွက်ပေါ်နေတဲ့ နည်းပြ ကွန်တီနေရာမှာအစားထိုးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသင်းပိုင်ရှင် မိုဗစ်ကိုယ်တိုင်ကလည်း ပွန်ချက်ကို ယုံကြည်နေတယ်လို့ သိရပါတယ်။

play

 

- အာဆင်နယ်အသင်းမှ ဂိုးသမား အော့စ်ပီနာကို အာဂျင်တီးနားကလပ် ဘိုကာဂျူနီယာအသင်းက လိုချင်နေတယ်လို့ သိရပါတယ်။အာဆင်နယ် အသင်းမှာ ပီတာချက်နောက် ဒုတိယဦးစားပေး ဂိုးသမားအဖြစ်သာ ပွဲထွက်နေရတဲ့ အော့စ်ပီနာတစ်ယောက် အာဂျင်တီးနားကလပ်အသင်းမှာ ပွဲ ထွက်ဂိုးသမားအဖြစ် ဖမ်းခွင့်ရမယ့် အခွင့်အရေးကို လက်လွှတ်ခံမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

play

 

-အဲဗာတန်နည်းပြ ဆမ်အလာဒိုက်ကိုလာမယ့် နှစ်ရက်အတွင်းမှာ ထုတ်ပယ်သွားတော့မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။၎င်းနေရာမှာ မားကို့စ်ဆေးလ်ဗားနဲ့ အစားထိုးတော့မယ်လို့လည်းသိရပါတယ်။

play

Source- Goal.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD