AD
AD
AD

ကမ္ဘာ့ဖလားပြိုင်ပွဲကျင်းပဖို့ကတော့ ရက်သတ္တပတ်အားဖြင့် (၄)ပတ်ကျော်သာ လိုတော့တာဖြစ်ပြီး ရက်အတိအကျအားဖြင့် (၂၉) ရက်သာ လိုတော့တာ ဖြစ်ပါတယ်။ ရုရှနိုင်ငံမှာ ကျင်းပမှာဖြစ်ပြီးတော့ ဘောလုံးကွင်း (၁၂) ကွင်းမှာ ကျင်းပသွားမှာလည်းဖြစ်ပါတယ်။ ဇွန်လ (၁၄) ရက်နေ့မှာ အဖွင့်ပွဲအဖြစ် အိမ်ရှင်ရုရှအသင်းနဲ့ ဆော်ဒီအာရေဗျတို့ရဲ့ ပွဲစဉ်နဲ့ အဖွင့်ပွဲစတင်တော့မှာလည်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တစ်လတာကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တွေကို ကျင်းပမယ့် ဘောလုံးကွင်းများကို Duwun Sports ပရိသတ်ကြီး သိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ ဒီကွင်းကြိးတွေမှာတော့ အုပ်စုတစ်ခုချင်းစီရဲ့ ပွဲစဉ်တစ်ပွဲစီကို ကျင်းပသွားမှာဖြစ်ပြီးတော့ အုပ်စု (၄)ခုက ပွဲ (၄)ပွဲကို ကျင်းပမှာလည်း ဖြစ်ပါတယ်။

 

၁။ Kaliningrad Stadium

play

 

ဒီကွင်းမှာတော့ Group B, D, E နဲ့ G က အုပ်စုပွဲစဉ်များကို ကျင်းပသွားမှာဖြစ်ပါတယ်။ ပိုလန်နဲ့ လစ်သူယေးနီးယားနိုင်ငံတို့နဲ့ အနီးဆုံး နေရာမှာ တည်ရှိပြီးတော့ ခရိုအေးရှား နဲ့ နိုင်ဂျီးရီးယားတို့ရဲ့ ပွဲစဉ်ကို ကွင်းဖွင့်ပွဲအဖြစ် လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ စုစုပေါင်း ၀င်ဆန့် ပရိသတ်ဦးရေ သုံးသောင်းခွဲကျော်ဝင်ဆန့်တဲ့ ကွင်းကြီးလည်း ဖြစ်ပါတယ်။ ဒီကွင်းကြီးမှာ ကျင်းပမယ့် အကောင်းဆုံးပွဲကတော့ Group G ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အင်္ဂလန်နဲ့ဘယ်လ်ဂျီယံတို့ရဲ့ ပွဲစဉ်ဖြစ်ပြီး ဒါဟာ အုပ်စုနောက်ဆုံးပွဲစဉ်လည်း ဖြစ်ပါတယ်။

 

၂။ Volgograd Stadium

play

 

ပရိသတ် လေးသောင်းခွဲကျော် ၀င်ဆန့်တဲ့ ဒီဘောလုံးကွင်းကြီးမှာတော့ Group A, D, G, H တို့က ပွဲစဉ် (၄) ပွဲကို လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်ရှိပြီးတော့ ကွင်းရဲ့ အမိုးကို တည်ဆောက်ထားမှုဟာ ကောင်းမွန်မှုရှိတယ်လို့ ဖီဖာက မှတ်ချက်ပြုထားခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ အုပ်စုအဖွင့်ပွဲဖြစ်တဲ့ တူနီးရှားနဲ့ ပွဲစဉ်ကို ဗွေဆော်ဦး လက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။

 

၃။  Ekaterinburg Arena

play

 

၁၉၅၃ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ ကွင်းကြီးဖြစ်ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် ကျင်းပခဲ့တဲ့ကွင်းတွေထဲမှာ အသေးဆုံး ကွင်းတစ်ကွင်းအဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။ ဂိုးပေါက်နောက်က ထိုင်ခုံတန်းတွေကိုတော့ ယာယီသာ တပ်ဆင်ထားတာဖြစ်ပြီးတော့ ကွင်းရဲ့ အပြင်အဆင်ဟာ သိပ်ခမ်းနားကြီးကျယ်မှုတော့ မရှိပါဘူး။ ကစားပုံကို အနီးကပ်ကြည့်ရှုရမှာဖြစ်ပြီးတော့ ပွဲကြည့်စင်နဲ့ကွင်းဟာ တော်တော်လေးနီးကပ်နေတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Group A, C, F, H က ပွဲစဉ်တွေကို လက်ခံကျင်းပမှာလည်း ဖြစ်ပါတယ်။

 

၎။ Mordovia Arena

play

 

ရုရှပရီးမီးယားလိဂ်အသင်းတစ်သင်းဖြစ်တဲ့ မော်ဒိုဗီယာအသင်းရဲ့ အိမ်ကွင်းဖြစ်ပြီးတော့ ပရိသတ် လေးသောင်းလေးထောင်ကျော် ၀င်ဆန့်တယ်လို့ သိရပါတယ်။ Group B, C, G, H  ပွဲစဉ်တွေကို ကျင်းပမှာဖြစ်ပြီးတော့ ပေါ်တူဂီအသင်းရဲ့ ပွဲစဉ်တစ်ပွဲလည်း ပါဝင်ပါတယ်။ အဆင့်အတန်းမီတဲ့ ဘောလုံးကွင်းတစ်ကွင်းဖြစ်ပြီးတော့ သေသေချာချာလေး မွမ်းမံပြင်ဆင်ထားတယ်လို့လည်း သိရပါတယ်။

 

၅။ Rostov Arena

play

 

နာမည်ကျော်ဘောလုံးအသင်း ဘရာဇီးလ်ရဲ့ပွဲစဉ်နဲ့ စတင်ကျင်းပမယ့်ကွင်းဖြစ်ပြီး ပရိသတ် လေးသောင်းခွဲကျော် ၀င်ဆန့်ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရှိခဲ့တဲ့ ပစ္စည်းတွေနဲ့ ဆောက်လုပ်ထားတာလို့ သိရပြီး ဘောလုံးကွင်းရဲ့ ပြင်ပအသွင်အပြင်ဟာ ရှေးရိုးဆန် နေတယ်လို့ ခံစားရမှာတော့ သေချာပါတယ်။ Group A, D, E, F နဲ့ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲကို လက်ခံကျင်းပမှာလို့လည်း သိရပါတယ်။

 

၆။ Spartak Stadium

play

 

မော်စကိုမှာ တည်ရှိတဲ့ ကွင်းကြီးဖြစ်ပြီးတော့ ခမ်းနားကြီးကျယ်မှုအပြည့်အ၀ရှိတဲ့ ကွင်းကြီး ဖြစ်ပါတယ်။ အာဂျင်တီးနား၊ ဘရာဇီးလ်တို့ရဲ့ ပွဲစဉ်တွေကို ကျင်းပသွားမှာဖြစ်ပြီးတော့ အနီနဲ့အဖြူရောစပ်ထားတဲ့ ကွင်းကြီးဟာ ထူထဲစွာကျဆင်းနေတဲ့ နှင်းမှုန်တွေကြားထဲမှာ မယိမ်းမယိုင်ပဲ တည်ရှိနေပါတယ်။ စပါးတပ်မော်စကိုအသင်းရဲ့ အိမ်ကွင်းအဖြစ်လည်း အသုံးပြုဖူးတယ်လို့ သိရပါတယ်။ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်တစ်ပွဲကို လက်ခံကျင်းပသွားမှာဖြစ်ပြီး ပရိသတ်လေးသောင်းသုံးထောင်ကျော် ၀င်ဆန့်တယ်လို့ သိရပါတယ်။

 

၇။ Samara Arena

play

 

တကယ့်ကို ဘောလုံးဂိမ်းထဲက ကွင်းကြီးအတိုင်းပါပဲ။ ပြာလဲ့လဲ့ကောင်းကင်ပြာကြီးကို နေသာတဲ့နေ့တွေမှာဆို ရှုမငြီးအောင် တွေ့ရမှာ ဖြစ်ပြီးတော့ ကွင်းမြက်ခင်းကိုလည်း အလျားလိုက် လေးထောင့်လိုင်းပုံဖော်ထားတာကို မြင်တွေ့ရမှာပါ။ ကွာတားဖိုင်နယ်ပွဲစဉ် တစ်ပွဲကိုလက်ခံကျင်းပသွားမှာဖြစ်ပြီးတော့ ပရိသတ် လေးသောင်းလေးထောင်ကျော် ၀င်ဆန့်ပါတယ်။

 

၈။ Nizhny Novgorod Stadium

play

 

ကွင်းအမိုးဒီဇိုင်းရဲ့ ဆန်းပြားထွေပြားမှုကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ စက်ဝိုင်းပုံသဏ္ဍန်ကွင်းအမိုးဟာ ကောင်းကင်ကို ထွင်းဖော်မြင်နိုင် ဖန်တီးထားတာဖြစ်ပြီးတော့ ၂၀၁၅ ခုနှစ်မှာ ပြန်လည်ပြင်ဆင်ထားတာလို့ သိရပါတယ်။ ပရိသတ်လေးသောင်းခွဲကျော် ဆန့်တဲ့ ဒီကွင်းကြီးမှာတော့ အုပ်စုပွဲစဉ်တွေအပြင် ၁၆သင်းအဆင့် ပွဲစဉ်တစ်ပွဲ နဲ့ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲကိုပါ ထည့်သွင်းကျင်းပသွားမှာ ဖြစ်ပါတယ်။

 

၉။ Kazan Arena

play

 

၂၀၁၅ ခုနှစ်က ကျင်းပခဲ့တဲ့ ကမ္ဘာ့ရေပေါ်ရေအောက် ချန်ပီယံရှစ်ပြိုင်ပွဲကို ကျင်းပခဲ့ဖူးပြီးတော့ ကွင်းအတွင်းမှာ ရေကူးကန် (၂) ခုပါ ထည့်သွင်းတည်ဆောက်ခဲ့ပြီးတော့ ပြန်လည်မွမ်းမံထားတာဖြစ်ကြောင်း သိရပါတယ်။ ပရိသတ်လေးသောင်းလေးထောင်ကျော်ဆန့်ပြီးတော့ ၁၆သင်းအဆင့် ပွဲစဉ်တစ်ပွဲနဲ့ ကွာတားဖိုင်နယ်ပွဲစဉ် တစ်ပွဲကို ကျင်းပဦးမယ်လို့လည်း သိရပါတယ်။

 

၁၀။ Fisht Stadium

play

 

ပင်လယ်နက်ရှုခင်းကို အံ့သြဖွယ်ရာခံစားရအောင် တည်ဆောက်ထားတယ်လို့ သိရပြီးတော့ ၂၀၁၄ ခုနှစ် ဆိုချီဆောင်းရာသီအိုလံပစ်ပြိုင်ပွဲရဲ့ ဖွင့်ပွဲနဲ့ပိတ်ပွဲကို လက်ခံကျင်းပခဲ့တဲ့ အားကစားကွင်းကြီးလည်း ဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကွန်ဖက်ဒရေးရှင်းဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တွေကိုလည်း လက်ခံကျင်းပဖူးပြီးတော့ ရုရှအစိုးရပိုင် အားကစားကွင်းကြီးလည်း ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်းက အသုံးပြုနေပြီးတော့ ကမ္ဘာ့ဖလားပွဲအတွက် ကြိုတင်လေ့ကျင့်နေတဲ့ ကွင်းကြီးလည်း ဖြစ်ပါတယ်။ ပရိသတ် လေးသောင်းခုနှစ်ထောင်ကျော် ၀င်ဆန့်ပြီး ပေါ်တူဂီနဲ့ စပိန်တို့ရ့ အုပ်စုပွဲစဉ်အပါအ၀င် ရှုံးထွက်ပွဲစဉ် တစ်ပွဲနဲ့ ကွာတားဖိုင်နယ်ပွဲ တစ်ပွဲပါ ကျင်းပသွားမှာ ဖြစ်ပါတယ်။

 

၁၁။ Saint Petersburg Stadium

play

 

ပရိသတ် ခြောက်သောင်းရှစ်ထောင်ကျော်ဆန့်တဲ့ ဒီကွင်းကြီးကတော့ နာမည်ကျော်ဘောလုံးကွင်းကြီးလည်း ဖြစ်ပါတယ်။ ဇင်းနစ်အသင်းရဲ့ အိမ်ကွင်းပွဲစဉ်တွေကို လက်ခံကျင်းပနေတာဖြစ်ပြီးတော့ ရှုံးထွက်၊ ကွာတား နဲ့ ဆီမီးဖိုင်နယ်ပွဲတွေကို တစ်ပွဲစီ လက်ခံကျင်းပသွားမှာ ဖြစ်ပါတယ်။ ယူရို ၂၀၂၀ ရဲ့ ဗိုလ်လုပွဲကို လက်ခံကျင်းပမယ့် ကွင်းကြီးအဖြစ်လည်း ရေပန်းစားနေတဲ့ ကွင်းကြီး ဖြစ်ပါတယ်။

 

၁၂။ Luzhniki Stadium

play

 

မော်စကိုမြို့ရဲ့ အခမ်းနားဆုံးနဲ့ အလှပဆုံးကွင်းကြီး ဖြစ်ပါတယ်။ ပရိသတ် ရှစ်သောင်းကျော်ဝင်ဆန့်ပြီးတော့ ကမ္ဘာ့ဖလားဗိုလ်လုပွဲကို လက်ခံကျင်းပမယ့် ကွင်းလည်းဖြစ်ပါတယ်။ အဖွင့်ပွဲကိုလည်း ဒီကွင်းမှာပဲ ကျင်းပမှာဖြစ်ပြီးတော့ မြောက်မြားလှစွာသော နာမည်ကျော် ပြိုင်ပွဲ အခမ်းအနားတွေကို ဒီကွင်းကြီးထဲမှာ ကျင်းပခဲ့ဖူးတာဖြစ်ပါတယ်။ ရှုံးထွက်ပွဲစဉ်တစ်ပွဲ၊ ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲ နဲ့ ဖိုင်နယ်ပွဲတို့ကို ကျင်းပမှာဖြစ်ပြီးတော့ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆုံးသတ်ရာ ကွင်းလည်းဖြစ်ပါတယ်။

play

 

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD