AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ နဲ့ ပြင်သစ်လက်ရွေးစင်ကစားသမား ပေါလ်ပေါ့ဂ်ဘာက ၂၀၁၈ ရုရှကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် အကောင်းဆုံးပုံစံနဲ့ ခြေစွမ်းပြသဖို့ မျှော်လင့်နေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားစာရင်းမှာ ပါဝင်နေခဲ့တဲ့ ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းအတွက် အောင်မြင်မှုရယူပေးဖို့လည်း မျှော်လင့်နေတာ ဖြစ်ပါတယ်။

play

 

Canal+ နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ ပေါ့ဂ်ဘာက ဖြေကြားခဲ့တာဖြစ်ပြီးတော့ ပြင်သစ်အသင်းကို ဦးဆောင်ကစားနိုင်တဲ့ ကစားသမားဖြစ်လာဖို့အတွက်လည်း ရည်မှန်းထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။ " ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းကို ဦးဆောင်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်ပြီး ကွင်းအတွင်းမှာ အသင်းရဲ့ ဦးဆောင်သူဖြစ်လာဖို့လည်း မျှော်လင့်ထားပါတယ်၊ ဒီအတွက်အဖြေကို ကွင်းအတွင်းမှာ ပြသသွားနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ပေါ့ဂ်ဘာက ဖြေကြားခဲ့ပါတယ်။

play

 

"၂၀၁၄ ခုနှစ်မှာ ကျွန်တော်က အကောင်းဆုံးလူငယ်ကစားသမားဖြစ်ခဲ့ပါတယ်၊ အခု ကမ္ဘာ့ဖလားမှာတော့ အကောင်းဆုံး ကစားသမား ဖြစ်လာဖို့ မျှော်လင့်မိပါတယ်၊ ဒီလိုသာ ဖြစ်လာခဲ့ရင် တကယ့်ကို ခမ်းနားမှုပါပဲ" လို့ ပေါ့ဂ်ဘာက ထပ်မံပြောကြားသွားခဲ့ပါတယ်။ ပေါ့ဂ်ဘာကတော့ ဂျူဗင်တပ်စ်အသင်းကနေ မန်ယူအသင်းကို ယူရို ၂၀၁၆ အပြီးမှာ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။

play

 

ဒီနှစ်ဘောလုံးရာသီမှာ မန်ယူအတွက် ခြောက်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီးတော့ ဒါဟာ (၅) နှစ်အတွင်းမှာ သူ့အတွက် ဂိုးသွင်းနိုင်မှု အနည်းဆုံးဖြစ်လာခဲ့တာလည်း ဖြစ်ပါတယ်။ ပြင်သစ်အသင်းကတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အထိ ရောက်ရှိခဲ့ပြီးတော့ ၁၆သင်းအဆင့် ရှုံးထွက်ပွဲစဉ်မှာ နိုင်ဂျီးရီးယားကို အနိုင်ရခဲ့ပြီး ပေါ့ဂ်ဘာက တစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ကွာတားဖိုင်နယ်မှာတော့ ချန်ပီယံဖြစ်လာမယ့် ဂျာမနီအသင်းကို အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ယူရို ၂၀၁၆ မှာလည်း ပြင်သစ်ဟာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း ပေါ်တူဂီအသင်းကို အရေးနိမ့်ခဲ့ပြီးတော့ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။

Source : 90 min

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD