AD
AD
AD

လီယွန်နယ်မက်ဆီကတော့ ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမားတစ်ဦးဖြစ်ပြီးတော့ အသင်းရဲ့ ကြီးမားတဲ့ အဆုံးအဖြတ်တွေရဲ့ နောက်ကွယ်မှာ မက်ဆီရဲ့ ဆုံးဖြတ်မှုတွေလည်း ပါဝင်နေတယ်လို့ သတင်းပေါင်းများစွာက ဖော်ပြခဲ့ဖူးပါတယ်။ အခုလည်း ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာဂျင်တီးနားအသင်းရဲ့ လူစာရင်းရွေးချယ်မှုမှာ မက်ဆီအနေနဲ့ ကြိုးကိုင်ခြယ်လှယ်နေတယ်လို့ စွပ်စွဲမှုတွေ ပေါ်ထွက်လာခဲ့ပါတယ်။

play

 

အာဂျင်တီးနားအသင်းရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း ဟာနန်ခရက်စပိုက စွပ်စွဲပြောကြားခဲ့တာ ဖြစ်ပြီးတော့ အာဂျင်တီးနားအသင်းရဲ့ လူရွေးချယ်မှုအပိုင်းမှာ မက်ဆီဟာ ခြယ်လှယ်မှုတွေပြုလုပ်နေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ ခရက်စပိုက အင်တာမီလန်တိုက်စစ်မှူး အီကာဒီရဲ့ လက်ရွေးစင်အနေအထားအပေါ်မှာ မူတည်ပြီးတော့ သုံးသပ်ပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။

play

 

" အီကာဒီက မက်ဆီရဲ့ သူငယ်ချင်းတစ်ဦးမဟုတ်ပါဘူး၊ ကျွန်တော့်ရဲ့ လက်ရွေးစင်အသင်းဟာ ပဉ္စလက်ဆန်ဆန်ပြောင်းလဲမှုတွေ ဖြစ်နေပါတယ်၊ နားလည်ရဲ့လားတော့မသိဘူး၊ အီကာဒီဟာ အသင်းရဲ့ အစိတ်အပိုင်းမဟုတ်ခဲ့ပါဘူး၊ သူ့အနေနဲ့ ရုရှကို လိုက်ပါခွင့် မရဘူးဆိုရင်တော့ တော်တော်လေး ကံဆိုးတာပါပဲ" လို့ ခရက်စပိုက သူ့ရဲ့ အမြင်ကို ပြောကြားခဲ့ပါတယ်။

play

 

" အာဂျင်တီးနားအသင်းဟာ အီကာဒီလို တိုက်စစ်မှူးမျိုးကို လိုအပ်နေခဲ့ပေမယ့် မက်ဆီနဲ့ ဆမ်ပါအိုလီ (အာဂျင်တီးနားနည်းပြ) တို့ကတော့ အခြားအရာတစ်ခုကို တွေးတောနေခဲ့ပါတယ်" လို့ ခရက်စပိုက လက်ရွေးစင်အသင်းရဲ့ လူရွေးချယ်မှုအပေါ်မှာ စွပ်စွဲပြောကြားခဲ့ပါတယ်။ မက်ဆီဟာ အသင်းရဲ့ လူစာရင်းအပေါ်မှာ သူ့စိတ်ကြိုက် ရွေးချယ်မှုတွေပြုလုပ်ပြီးတော့ နည်းပြကိုပါ ညွှန်ကြားမှုတွေ ပြုလုပ်နေတယ်လို့ ခရက်စပိုက ထင်မြင်နေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အသက် (၂၅)နှစ်အရွယ် တိုက်စစ်မှူး အီကာဒီဟာ အာဂျင်တီးနားအသင်းအတွက် လေးပွဲသာ ကစားပေးဖူးပြီးတော့ အသင်းမှ မကြာခဏ ဆိုသလို ချန်လှပ်ခံထားနေရသူ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းအတွက် ဒီနှစ်ဘောလုံးရာသီမှာ (၂၈)ဂိုး သွင်းယူပေးထားသူ လည်း ဖြစ်ပါတယ်။ အာဂျင်တီးနားအသင်းရဲ့ ပဏာမလူစာရင်းမှာတော့ အီကာဒီ ပါဝင်နေတာကို တွေ့ရပေမယ့် ခရက်စပိုကတော့ အီကာဒီဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ရွေးချယ်ခံရမှာ မဟုတ်ဘူးလို့ ယူဆခဲ့တာ ဖြစ်ပါတယ်။

Source : soccerladuma

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD