AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၀င်ခွင့်ရထားတဲ့ မက္ကဆီကိုအသင်းဟာ ပြိုင်ပွဲဝင်ရောက်မယ့် ပဏာမ ကစားသမားစာရင်းကို ထုတ်ပြန်ကြေညာခဲ့ရာ မှာတော့ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းခေါင်းဆောင်အဖြစ် ကစားခဲ့တဲ့ ၀ါရင့်နောက်ခံလူ မားကွက်ဇ်ကို ထပ်မံ ထည့်သွင်းလာခဲ့ပါတယ်။

play

 

မားကွက်ဇ်မှာ ဘာစီလိုနာ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိမှာ အသက် ၃၉ နှစ်အရွယ်ထိရှိနေကာ မက္ကဆီကိုအသင်းရဲ့ ၂၈ ယောက် ပဏာမ စာရင်းမှာ ပါဝင်လာခဲ့တာလည်း ဖြစ်ပါတယ်။

play

 

မားကွက်ဇ်အနေနဲ့ ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲမှ စတင်ကာ မက္ကဆီကိုအသင်းရဲ့ ကမ္ဘာ့ဖလား လူစာရင်းမှာ ၄ နှစ်ဆက်တိုက် ပါဝင်လာနိုင်ခဲ့တာ ဖြစ်ပြီး ပဏာမ ရွေးချယ်ခံခဲ့ရတဲ့ ၄ ကြိမ်စလုံး အပြီးသတ်လူစာရင်းအထိ ပါဝင်ထားနိုင်တဲ့ အခြေအနေအကောင်းကြောင့်လည်း ယခုတစ်ကြိမ် မှာလည်း အပြီးသတ် စာရင်းမှာ ပါဝင်လာနိုင်မလား စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

မားကွက်ဇ်မှာ ဘာစီလိုနာအသင်းနဲ့အတူ စပိန်အမှတ်ပေးဖလား ၄ကြိမ်နဲ့ ချန်ပီယံလိဂ် ၂ ကြိမ် အထိရယူနိုင်ခဲ့တဲ့ နောက်ခံနဲ့ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးဖြစ်ပါတယ်။

အပြီးသတ် ၂၃ ယောက်စာရင်းမှာ ပါဝင်နိုင်ခဲ့မယ်ဆိုရင်တော့ မက္ကဆီကို ကစားသမားဟောင်း အန်တိုနီယို ကာဘာဂျယ်နဲ့ ဂျာမနီ ကစားသမား ဟောင်း လိုသာ မားသီးယက်စ်တို့ရဲ့ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ကစားဖူးတဲ့ စံချိန်နဲ့ တူညီခဲ့မှာ ဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲကို  ၅ ကြိမ်ဆက် ကစားဖူးမယ့် ၃ ဦးမြောက်ကစားသမား ဖြစ်လာတော့မှာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့ဖလား ပြိုင်ပွဲကိုတော့ လာမယ့်ဇွန်လ ၁၄ ရက်နေ့မှာ စတင်ကစားမှာ ဖြစ်ပြီး မားကွက်ဇ်ရဲ့ မက္ကဆီကိုအသင်းမှာ အုပ်စု(စ)တွင် ဂျာမနီ၊ဆွီ ဒင်၊တောင်ကိုရီးယားအသင်းတို့နဲ့ တစ်အုပ်စုတည်းကျရောက်နေပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD