AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်း နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play

 

- ချယ်လ်ဆီးအသင်းဟာ နိုက်အသင်းကွင်းလယ်လူ ဆာရီကို ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ အသက် ၂၆နှစ်အရွယ် ကွင်းလယ်ကစားသမားကို အာဆင်နယ်ကလည်း စိတ်ဝင်စားနေပြီး ဘာစီလိုနာအသင်းကလည်း နွေရာသီတုန်းက စာချုပ်ချုပ်ဆို နိုင်ဖို့အထိ နီးစပ်ခဲ့တယ်လို့ သတင်းများထွက်ပေါ်ခဲ့ပါတယ်။ ပေါင်သန်း ၄၀ တန်ကြေးရှိမယ်လို့ ခန့်မှန်းရတဲ့ ဆာရီဟာ စတန်းဖို့ဘရစ်ခ်ျကို လာမယ့်ရာသီမှာ ရောက်ရှိလာနိုင်တယ်လို့ သိရပါတယ်။

play

 

- ရီးရဲလ်မက်ဒရစ်ကို နေမာ ရောက်ရှိသွားပါက ကြောက်ရွံ့ဖွယ်ရာကောင်းလာလိမ့်မယ်လို့ မက်ဆီက ပြောကြားခဲ့ကြောင်း သိရပါတယ်။ နေမာဟာ လာမယ့်ရာသီမှာ ပီအက်စ်ဂျီကနေ ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်နေတာလည်း ဖြစ်ပါတယ်။ ရီးရဲလ်မှာ စီရော်နယ်ဒိုနဲ့ တွဲဖက်ကစားရမယ့် အနေအထားအပေါ်မှာ မက်ဆီက သုံးသပ်ခဲ့တာဖြစ်နိုင်ပြီး နေမာဟာ ဘာစီလိုနာအသင်းမှာ လေးရာသီကြာ ကစားခဲ့တာလည်း ဖြစ်ပါတယ်။

play

 

- နယူးကာဆယ်အသင်းဟာ ချယ်လ်ဆီးအသင်းမှ ကစားသမားတွေဖြစ်တဲ့ ကနေဒီ နဲ့ အေဘရာဟမ်တို့ကို အငှားခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ကနေဒီကတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက နယူကာဆယ်မှာ အငှားကစားခဲ့တာဖြစ်ပြီး အသက် ၂၂နှစ်အရွယ် ကစားသမားကို နယူးကာဆယ်က နောက်တစ်ကြိမ် အငှားခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ ဆွမ်ဆီးမှာ အငှားကစားခဲ့တဲ့ အေဘရာဟမ်ကိုလည်း နယူးကာဆယ်က ခေါ်ယူလိုနေတာဖြစ်ပြီး အသက် ၂၀ အရွယ် တိုက်စစ်မှူးဟာ ဆွမ်ဆီးအတွက် ၈ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

play

 

- ချယ်လ်ဆီးကစားသမား ဟာဇက်က အသင်းကို ကစားသမားကောင်းတွေ ရောက်ရှိလာဖို့ အလိုရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကစားသမားဟာ ချယ်လ်ဆီးရဲ့ ဒီနှစ်ဘောလုံးရာသီ ရပ်တည်မှုအပေါ်မှာ စိတ်ပျက်နေခဲ့တာဖြစ်ပြီး အသင်းအနေနဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ကစးသမားကောင်းတွေ ခေါ်ယူဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။

play

 

- မန်စီးတီးနည်းပြ ဂွာဒီယိုလာက မန်စီးတီးဟာ လာမယ့်ဘောလုံးရာသီမှာ ပေါင်သန်း ၃၀၀ လောက်ထိ သုံးစွဲမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံအသင်းဟာ ဒီဘက်နှစ်တွေမှာ အသင်းကို ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား ပြုလုပ်ခဲ့တာ ဖြစ်ပေမယ့် ဂွာဒီယိုလာက မလုံလောက်သေးဘူးလို့ ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း လာမယ့်ရာသီမှာ ဂွာဒီယိုလာက အသင်းအတွက် ယာယာတိုရေးနေရာအစားထိုးဖို့ ကွင်းလယ်လူတစ်ယောက်နဲ့ တိုက်စစ်မှူးတစ်ယောက်ကိုသာလျှင် ခေါ်ယူသွားမယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD