AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလား ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကိုတော့ ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်ပြီး လူငယ်ကစားသမားအများစု ပါဝင် လာခဲ့တာကို သတိပြုမိစေမှာ ဖြစ်ပါတယ်။

play

 

အဆိုပါ လူစာရင်းမှာတော့ လီဗာပူးအသင်းမှ လူငယ်ကစားသမားလေး အလက်ဇန္ဒား အာနိုးလည်း အံ့အားသင့်ဖွယ်ပါဝင်လာခဲ့တာကို တွေ့မြင် ရမှာ ဖြစ်သလို ချဲလ်ဆီး နောက်ခံလူ ဂယ်ရီကာဟေးလ်လည်း ပြန်လည်ခေါ်ယူခြင်းခံခဲ့ရပါတယ်။

play

 

အစောပိုင်းက သတင်းထွက်ပေါ်ထားတဲ့ ဂိုးသမား ဂျိုးဟတ်၊ကွင်းလယ်လူ ၀ီးလ်ရှိုင်းယားနဲ့နောက်ခံလူ ဘာထရန်တို့ကိုမူ ချန်လှပ်ခဲ့တာလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။

play

 

အခြားသော အင်္ဂလန်အသင်းရဲ့ အဓိက ကစားသမားတွေ ဖြစ်ခဲ့ကြတဲ့ နောက်ခံလူ စမောလင်း၊ဆက်ဆနွန်၊၀ဲလ်ကော့ စတဲ့ကစားသမားတွေ လည်း ကမ္ဘာ့ဖလား လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်က လက်ရှိရွေးချယ်ထားတဲ့ အပြီးသတ် ၂၃ ယောက်နဲ့ လာမယ့် ဇွန်လ ၂ ရက်နေ့နဲ့ ၇ ရက်နေ့တွေမှာ နိုင်ဂျီးရီးယား၊ကော်စ တာရီကာတို့နဲ့ ခြေစမ်းပွဲ ကစားအုံးမှာ ဖြစ်တာကြောင့် တစ်စုံတစ်ယောက် ဒဏ်ရာရခဲ့လျှင် အဆင်သင့် အစားထိုးနိုင်ဖို့အတွက်လည်း တွမ်ဟက် တန်၊တာကောစကီး၊လီဝစ်ကွတ်ခ်၊လီဗာမိုး၊လယ်လာနာတို့ကို ဒုတိယ စာရင်းမှာ ထည့်သွင်းထားတယ်လို့လည်းသိရပါတယ်။

အင်္ဂလန်အသင်းမှာ ဇွန်လ ၁၈ ရက်နေ့မှာ တူနီးရှား၊၂၄ ရက်နေ့မှာ ပနားမား၊၂၈ ရက်နေ့မှာ ဘယ်လ်ဂျီယံအသင်းများနဲ့ အုပ်စုပွဲစဉ်များကို အသီး သီး ယှဉ်ပြိုင်ကစားသွားရမှာ ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD