AD
AD
AD

အူနိုင်းအမ်မရီဟာ အာဆင်နယ်အသင်းတာဝန်ရှိသူများနဲ့ ရက်အနည်းငယ်ကြာ စကားပြောဆိုမှုများ ပြုလုပ်အပြီးမှာ အာစင်ဝင်းဂါးရဲ့ အာဆင်နယ်နည်းပြရာထူးကို ဆက်ခံဖို့အတွက် သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ အသက် (၄၆) နှစ် အရွယ်ရှိ ဆီဗီလာနဲ့ ပီအက်စ်ဂျီ အသင်း နည်းပြဟောင်းဟာ အာဆင်နယ်နည်းပြသစ်အဖြစ် ရေပန်းစားနေတဲ့ အာတီတာကို နောက်ဆုံးအချိန်မှာ နောက်ကောက်ချ နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

တနင်္လာနေ့ညက အမ်မရီဟာ အာဆင်နယ်အသင်းရဲ့ ရှယ်ယာဝင်တစ်ဦးဖြစ်သူ ဂါဇီဒစ်နဲ့ တွေ့ဆုံမှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။ အမ်မရီဟာ အာဆင်နယ်အသင်းရဲ့ တင်းကျပ်လွန်းတဲ့ အပြောင်းအရွှေ့အသုံးစရိတ်ပေါ်လစီ နဲ့ ဘုတ်အဖွဲ့ချုပ်ကိုင်မှုတွေအောက်မှာ အလုပ် လုပ်ကိုင်ဖို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ယုံကြည်ရတယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

play

 

အသင်းပရိသတ်တွေရဲ့ ဆန္ဒတစ်ခုဖြစ်တဲ့ စိတ်လှုပ်ရှားဖွယ်ရာ ကစားဟန်အပေါ် ရူးသွပ်မှုအပေါ် အမ်မရီက ကောင်းစွာနားလည်ထားပြီး ပရိသတ်အကြိုက် ပြုလုပ်ပြနိုင်မယ်လို့ ကတိပေးခဲ့မှုတွေလည်း ရှိခဲ့ကြောင်း သိရပါတယ်။ ၂၀၁၇-၁၈ ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ အမ်မရီဟာ ပီအက်စ်ဂျီအသင်းနည်းပြ ရာထူးမှ နှုတ်ထွက်ခဲ့ပြီး (၂) နှစ်ကျော် ကိုင်တွယ်ခဲ့တဲ့အချိန်အတွင်းမှာ အသင်းကို ဆုဖလား (၅)လုံး ရရှိအောင် စွမ်းအောင်ပေးခဲ့ပါတယ်။

play

 

အာဆင်နယ်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြသစ်နေရာအတွက် ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဗီအဲရာကိုလည်း ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း ဒီအပေါ်မှာ အသင်းရဲ့ အခြားဂန္ထ၀င်ကစားသမားဖြစ်သူ အီရန်ရိုက်ရဲ့ ဝေဖန်မှုတွေကို ပြင်းပြင်း ထန်ထန် ခံယူခဲ့ရပါတယ်။ ဗီအဲရာရဲ့ နည်းပြအတွေ့အကြုံ အားနည်းမှုကို အီရန်ရိုက်က ထောက်ပြဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အာဆင်နယ်ရဲ့ ကာလရှည်နည်းပြကြီး ၀င်းဂါးကတော့ အသင်းက ထွက်ခွာခဲ့ပြီဖြစ်ပေမယ့် လက်ရှိအချိန်ထိ အာဆင်နယ်အသင်းဟာ နည်းပြသစ် ခန့်အပ်ထားရမှု မရှိသေးပဲ ရှာဖွေနေရဆဲ ဖြစ်နေပါတယ်။ နာပိုလီနည်းပြ ဆာရီ၊ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီ၊ ဗီအဲရာ၊ အာတီတာ တို့ကို ချိတ်ဆက်မှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး နောက်ဆုံးသတင်းများအဖြစ်တော့ အူနိုင်းအမ်မရီကို နည်းပြသစ်ခန့်အပ်ဖို့ အလားအလာများနေကြောင်း သိရှိရပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD