AD
AD
AD

ဒီနှစ်ဘောလုံးရာသီမှာ ရီးရဲလ်အနေနဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့မှုမှာ အသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ မယုံကြည်နိုင်စရာ ဂိုးသွင်းမှုတွေနဲ့ တက်ရောက်ခဲ့တာဖြစ်ပြီး လီဗာပူးလ်အသင်းနဲ့ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ပေါ်တူဂီ အသင်းရဲ့ တိုက်စစ်မှူးလည်း ဖြစ်တဲ့ စီရော်နယ်ဒိုဟာ လီဗာပူးလ်အသင်းရဲ့ တိုက်စစ်ပိုင်းကို လွန်ခဲ့တဲ့ (၃) နှစ်က ရီးရဲလ်အသင်းရဲ့ BBC တိုက်စစ်နဲ့ ခိုင်းနှိုင်းပြီး ချီးကျူးမှုတွေလည်း ပြုလုပ်ခဲ့ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးဟောင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာလည်း အသင်းအတွက် ဂိုးသွင်းယူနိုင်ဖို့ မျှော်လင့်နေပြီး သူ့အတွက် (၅) ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားကို ရယူဖို့ စိတ်အားထက်သန်နေပြီ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ပွဲစဉ်မတိုင်ခင် ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ စီရော်နယ်ဒိုက ဗိုလ်လုပွဲနဲ့ ပတ်သက်ပြီး အခုလို ပြောကြားသွားခဲ့ပါတယ်။

play

 

" လီဗာပူးလ်အသင်းရဲ့ ရှေ့တန်းကစားသမား (၃) ဦး လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုက်စစ်အတွဲ (BBC ကို ရည်ညွှန်း) လိုပါပဲ၊ ဒီအချက်ကပဲ လီဗာပူးလ်ကို သတိထားစရာ ဖြစ်လာခဲ့ပါတယ်၊ ဗိုလ်လုပွဲကတော့ အမြဲတမ်းအတွက် တကယ့်ကို ခံစားမှု ကောင်းပေါ့ဗျာ၊ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ ဒီလိုခံစားရမှာပါပဲ၊ လွယ်ကူမှု တစ်ခုမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်၊ သူတို့ဟာ အရည်အသွေးကောင်းတွေ ပိုင်ဆိုင်ထားကြပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

play

 

" လီဗာပူးလ်ကတော့ လေးစားမှုတွေနဲ့ ထိုက်တန်တဲ့အသင်းပါ၊ ဗိုလ်လုပွဲကို ထိုက်ထိုက်တန်တန်နဲ့ တက်ေ၇ာက်လာတာလည်း ဖြစ်ပါတယ်၊ သူတို့မှာ စွမ်းအားပြည့်ဝတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး ဒီအသင်းကို ကျွန်တော် တကယ်ပဲ လေးစားမှုရှိပါတယ်၊ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က လီဗာပူးလ်ထက်ပိုကောင်းပါတယ်၊ ကျွန်တော်တို့ရဲ့ အဆင့်အတန်းနဲ့ လျော်ညီအောင် ကစားသွားမှာပါ၊ ဒါပေမယ့် ပြိုင်ဘက်ကိုလည်း လေးစားမှုရှိပါတယ်" လို့လည်း စီရော်နယ်ဒိုက လီဗာပူးလ်အသင်းကို ချီးကျူးခဲ့ပါတယ်။

play

 

လီဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ ပွဲကိုတော့ မေလ (၂၇) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၁း၁၅) နာရီမှာ ယူကရိန်းနိုင်ငံ၊ ကိဗ်မြို့က အိုလံပစ်ကွင်းမှာ ကစားကြတော့မှာ ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာလည်း အဆိုပါပွဲစဉ်အတွက် အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေ ပြန်လည် ပြုလုပ်နေပြီဖြစ်ပြီး ကြံ့ခိုင်မှု ပြည့်ဝနေတယ်လို့လည်း သိရပါတယ်။

play

 

" ဗိုလ်လုပွဲအတွက်တော့ အဆင်သင့်ဖြစ်နေပါပြီ၊ အကောင်းဆုံးကစားနိုင်မယ်လို့ မျှော်လင့်ပြီး ဂိုးသွင်းယူနိုင်ဖို့လည်း ကြိုးစားမှာပါ၊ အသင်း အနိုင်ရဖို့က အရေးကြီးဆုံးပါပဲ၊ ဘယ်သူကပဲ ဂိုးသွင်းသွင်းပေါ့၊ ကျွန်တော်တို့ဟာ သမိုင်းတစ်ခုကို ဖန်တီးဖို့အတွက် အသင့်ဖြစ်နေကြပါပြီ"လို့လည်း စီရော်နယ်ဒိုက ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။

Source : Marca, AS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD