AD
AD
AD

လီဗာပူးအသင်းရဲ့ နည်းပြဟောင်းတစ်ဦးဖြစ်သလို လီဗာပူးအသင်းရဲ့ နောက်ဆုံးရရှိထားတဲ့ ချန်ပီယံလိဂ် ဆုဖလားရဲ့ ပဲ့ကိုင်ရှင်တစ်ဦးဖြစ်တဲ့ ဘင်နီတက်ဇ်က ယခုနှစ် လီဗာပူးအသင်းရဲ့ ခြေစွမ်းက ၂၀၀၅ ခုနှစ်က သူကိုင်တွယ်ခဲ့စဉ် ချန်ပီယံလိဂ် ရခဲ့တဲ့ လီဗာပူးအသင်းထက် ခြေစွမ်း ပိုမို ကောင်းမွန်ကြောင်း ထုတ်ဖော်ပြောလာခဲ့ပါတယ်။

play

 

လီဗာပူးအသင်းဟာ ၂၀၀၄-၀၅ ဘောလုံးရာသီရဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အေစီမီလန်အသင်းကို ၃-၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်နေခဲ့ရာမှာ နောက်မှ လိုက်ကစားခဲ့ပြီး ၃-၃ ဂိုးစီ သရေကျအောင်ကစားခဲ့ပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ယခုနှစ်မှာတော့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို ရောက်ရှိလို့နေပြန်ပြီး ရီးရဲအသင်းနဲ့ ကစားရမှာ ဖြစ်ကာ -" ကျွန်တော်တို့ ဥရောပမှာ နောက်ဆုံး အောင်မြင်မှုရခဲ့တဲ့ အင်စတန်ဘူလ်အကြောင်းတွေပဲ ပြောမနေပါနဲ့တော့။အခုအသင်းကအဲ့တုန်းကထက်အများကြီးပိုကောင်းပါတယ်။အဲ့တုန်းက ကျွန်တော့်မှာ စတီဗင်နဲ့အတူ အတွေ့အကြုံရင့် ကစားသမားအချို့နဲ့ အရည်အသွေးမြင့်ကစားသမားအချို့ရှိခဲ့ပါတယ်။အလွန်ဆို၊ဟာမန်း၊တို့နဲ့ အတူ ကျွန်တော်တို့ အရမ်းကြိုးစားခဲ့ရပါတယ်။အဲ့နောက်မှာတော့ အနေအထားကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့တယ်ပေါ့ဗျာ။" လို့ ဘင်နီတက်ဇ်က ဆိုခဲ့ပါတယ်။

play

 

အသက် ၅၈ နှစ်ရှိပြီဖြစ်တဲ့ ဘင်နီတက်ဇ်ဟာ အဆိုပါ နှစ်တုန်းက ဂျာရတ်၊ဟာမန်း၊အလွန်ဆိုတို့ထက် ယခုအသင်းရဲ့ ဆာလာ၊ဖာမီနို၊မာနေးတို့ အတွဲက ပိုပြီး ကြောက်စရာကောင်းနေကြောင်းကိုလည်း နှိုင်းယှဉ်ပြောခဲ့ပါသေးတယ်။

ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲမှာမူ ၎င်းတို့ ၃ ဦးပေါင်း သွင်းဂိုး ၂၉ ဂိုးအထိ ရှိနေပြီး အဆိုပါ မှတ်တမ်းဟာ ပြိုင်ပွဲတစ်နှစ်အတွင်းမှာ ၃ ယောက်ပေါင်း သွင်းဂိုးအများဆုံးနှစ်လည်း ဖြစ်လာခဲ့ပါတယ်။

နှစ်ကာလ ကြာမြင့်လာခဲ့မှုနဲ့အတူ ဘောလုံးလောကမှာ ငွေကြေးသုံးစွဲမှုတွေလည်း ဖောင်းပွလာခဲ့ပြီး -" ကျွန်တော်တို့ခေတ်က ပေါင် သန်း ၂၀ လောက်ပဲ သုံးခဲ့တာပါ။အခုတော့ အရမ်းကို ကွာခြားနေပါပြီ။"လို့လည်း ဘင်နီတက်ဇ်က ပြောခဲ့ပြန်ပါတယ်။

ဘင်နီတက်ဇ်မှာ လက်ရှိမှာတော့ နယူးကာဆယ်အသင်းကို တာဝန်ယူကိုင်တွယ်နေပြီး လီဗာပူးအသင်းကို ၂၀၀၅ ခုနှစ်မှာ ချန်ပီယံလိဂ် (၅)ကြိမ် မြောက် ချန်ပီယံ ဖြစ်စေခဲ့ပြီး ၂၀၀၇ ခုနှစ်မှာတော့ဗိုလ်လုပွဲကို ထပ်မံတက်ရောက်စေခဲ့ပြန်ပါတယ်။

အဆိုပါ တစ်ကြိမ်မှာတော့ အေစီမီလန်အသင်းက ပြန်လည်အနိုင်ယူပြီး ချန်ပီယံလိဂ် ချန်ပီယံ ဖြစ်ခဲ့ကာ ၂၀၀၇ ခုနှစ်နောက်ပိုင်းလီဗာပူး အသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တစ်ကျော့ပြန်လည်တက်လှမ်းလာတာလည်း ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD