AD
AD
AD

ဒေးဗစ်ဘက်ခမ်ကတော့ ၂၀၀၃ ခုနှစ်မှာ မန်ချက်စတာယူနိုက်တက်အသင်းမှ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အင်္ဂလန်အသင်းရဲ့ ကပ္ပတိန်ဟောင်းဟာ ကစားသမားဘ၀မှာ ကွင်းတွင်းကွင်းပြင် အောင်မြင်ကျော်ကြားမှု အကြီးအကျယ် ရရှိခဲ့သူဖြစ်ပြီး ယနေ့ထက်ထိ ဘောလုံးပရိသတ်များ မမေ့နိုင်သေးတဲ့ ပရိသတ်အချစ်တော် ကစားသမားလည်း ဖြစ်ပါတယ်။

play

 

ဘက်ခမ်ရဲ့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပြီဖြစ်ပြီး ဘက်ခမ် ပရီးမီးယားလိဂ်မှာ ကစားခဲ့စဉ်က အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ လီဗာပူးလ်အသင်းနဲ့ ဗိုလ်လုရမှာလည်း ဖြစ်ပါတယ်။ ဒီအခြေအနေမှာ ဘက်ခမ်က အသင်းဖောင်ဟောင်း တစ်ဖြစ်လဲ ရီးရဲလ်နည်းပြ ဇီဒန်းကို တောင်းဆိုမှုတွေ ပြုလုပ်လိုက်ပါတယ်။ လီဗာပူးလ်ကို အနိုင်ကစားဖို့အတွက် ဘက်ခမ်က တောင်းဆိုခဲ့တာဖြစ်ပါတယ်။

play

 

မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်ကို ပေါင်၂၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဘက်ခမ်က ဇီဒန်းနဲ့အတူ အင်တာဗျူးတစ်ခု ပြုလုပ်နေစဉ် အတွင်းမှာ တောင်းဆိုသွားခဲ့တာလည်း ဖြစ်ပါတယ်။ " အောင်မြင်တဲ့ ကစားသမားဘ၀ကိုလည်း ရရှိခဲ့သလို နည်းပြဘ၀မှာလည်း အောင်မြင်မှုတွေ သူရရှိနေပါပြီ၊ တကယ်ကို မယုံကြည်နိုင်စရာကောင်းလောက်အောင်ပါပဲ" လို့ ဘက်ခမ်က ပြောဆိုခဲ့ပါတယ်။

play

 

" ချန်ပီယံလိဂ်ဖိုင်နယ်မှာ သူရော၊ အသင်းဥက္ကရော၊ အသင်းအတွက်ပါ ကံကောင်းမှုတွေနဲ့ ရင်ဆိုင်ရစေဖို့ ဆန္ဒရှိပါတယ်၊ ပြီးတော့ ကျေးဇူးပြုပြီး လီဗာပူးလ်ကို အနိုင်ကစားပေးပါ၊ ကျေးဇူးပြုပြီးတော့ပေါ့" လို့ ဘက်ခမ်က ပြောကြားသွားခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်နိုင်ငံသား တစ်ယောက်က အင်္ဂလန်ကလပ်အသင်းကို အနိုင်ကစားဖို့အတွက် စပိန်ကလပ်အသင်းကို တောင်းဆိုမှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အင်္ဂလန်ပရိသတ်တွေနဲ့ လီဗာပူးလ်ပရိသတ်တွေအတွက်တော့ ဘက်ခမ်ရဲ့ တောင်းဆိုမှုဟာ အလိုမကျဖြစ်လာခဲ့ပြီး အမုန်းတရားတွေကို ဖြစ်ပေါ်စေလာဖို့လည်း ရှိပါတယ်။ ဒါဟာ ဘက်ခမ်အနေနဲ့ အင်္ဂလန်ရဲ့ အကြီးမားဆုံး ဒါဘီလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ ကြားက အမုန်းတရားတွေကို မေ့ပျောက်လို့ မရသေးတာလားဆိုလာလည်း စဉ်းစားစရာ ဖြစ်ခဲ့ပါတယ်။ ဘက်ခမ်ရဲ့ ချီးကျူးမှု နဲ့ ဆန္ဒပြုမှုတို့အပြီးမှာတော့ ဇီဒန်းက သူ့ရဲ့ နည်းပြဘ၀ ခံစားချက်နဲ့ ပတ်သက်ပြီး အခုလိုပဲ ပြောသွားခဲ့ပါတယ်။

play

 

" နည်းပြပြုလုပ်ဖို့ ဆုံးဖြတ်ပြီးတဲ့အချိန်မှာ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူးဆိုတဲ့ အတွေးအခေါ်ကို ဆုပ်ကိုင်ခဲ့ပြီးသားပါ၊ ဒီလိုအသင်းမှာ နည်းပြပြုလုပ်မယ်ဆို ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိမယ်ဆိုတာကိုလည်း ကျွန်တော် ကြိုတင်သိပြီးသားပါ" လို့ ဇီဒန်းက ဂုဏ်ယူ ၀ံ့ကြွားစွာ ပြောဆိုခဲ့ပါတယ်။

Source : DailyMail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD