AD
AD
AD

ရီးရဲလ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲ ပွဲစဉ်မတိုင်ခင်မှာ လီဗာပူးလ်နည်းပြကြီး ကလော့ပ်က သူတို့အနေနဲ့ ဒီလိုအဆင့်ကို ရောက်ရှိလာခဲ့တာဟာ လီဗာပူးလ်အသင်းရဲ့ ဗီဇကြောင့်လို့ပါဆိုပြီး ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြောဆိုခဲ့ပါတယ်။ လီဗာပူးလ်အသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေစစ်ပွဲအဆင့်ကနေ စတင်ကစားခဲ့ရတာဖြစ်ပြီးတော့ အခုနောက်ဆုံးမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

လီဗာပူးလ်အတွက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက်မှာ (၆) ကြိမ်မြောက် ဆုဖလားကို ရရှိဖို့ အခွင့်အရေးပိုင်ဆိုင်လာတာဖြစ်ပြီး ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကတော့ ချန်ပီယံလိဂ်ဆုဖလားကြီးကို (၃) ကြိမ်ဆက်တိုက် ရယူပြီး သမိုင်းသစ်ရေးထိုးနိုင်မယ့် အနေအထားကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

" လီဗာပူးလ်အသင်း ဒီနေ့ ဒီလိုနေရာကို ရောက်လာမယ်လို့ ဘယ်သူကမှ မျှော်လင့်မထားခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ အရောက် လာခဲ့ပါပြီ၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လီဗာပူးလ် ဖြစ်နေလို့ပါ" လို့ ကလော့ပ်က ဦးစွာကြွေးကြော်ခဲ့ပါတယ်။ လီဗာပူးလ်ဟာ ချန်ပီယံလိဂ် ခရီးကြမ်းကြီးအတွက် ဟော့ဖန်ဟိမ်းအသင်းနဲ့ ရင်ဆိုင်အစပြုခဲ့ရပြီး နောက်ဆုံးပန်းတိုင်အတွက် ရီးရဲလ်ကို ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။

play

 

" ဒီအသင်းဟာ အောင်မြင်မှုကြီးကြီးမားမားတွေကို ပိုင်ဆိုင်နိုင်တဲ့ မျိုးရိုဗီဇ ရှိနေပါတယ်၊ ဒီကစားသမားတွေနဲ့အတူတူ ဒီနေရာကို ရောက်ရှိခဲ့တဲ့အတွက် တကယ်ကို ကျေနပ်ပျော်ရွှင်မိပါတယ်၊ သူတို့ဟာ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြိုးစားခဲ့ရပြီးတော့မှ ဒီနေရာကို ရောက်ရှိလာခဲ့တာပါ၊ သူတို့နဲ့ တကယ်ထိုက်တန်ပါတယ်၊ အဲဒီအတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ကလော့ပ်က ပြောကြားသွားခဲ့ပါတယ်။

play

 

ကလော့ပ်ရဲ့ ပြိုင်ဘက် ရီးရဲလ်နည်းပြဇီဒန်းကတော့ ရီးရဲလ်ကို စတင်ကိုင်တွယ်ခဲ့တဲ့ ၂၀၁၆ ဇန်န၀ါရီလကစပြီး ဒီနေ့အထိ အသင်းအတွက် လာလီဂါအမှတ်ပေးဖလားတစ်လုံးနဲ့ ချန်ပီယံလိဂ်ဖလား (၂)လုံးတို့ကို ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး ဖြစ်ပါတယ်။ ကလော့ပ်ကတော့ ဇီဒန်းထက် အချိန်သုံးလ ပိုမိုစောပြီး လီဗာပူးလ်အသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကလော့ပ်ဟာ လီဗာပူးလ်အတွက် အဓိကဆုဖလားတစ်လုံးကို ရယူပေးနိုင်ဖို့ အနီးစပ်ဆုံးအနေအထားမှာ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

play

 

" သူ့အသင်းရဲ့ ကစားပုံကိုအကြိမ်ပေါင်းများစွာ ကြည့်ခဲ့ဖူးပါတယ်၊ တကယ့်ကို ရင်သပ်ရှူမောဖွယ်ရာပါ၊ ဇီဒန်းကတော့ သူ့ဘ၀တစ်ခုလုံးမှာ တကယ့်ကို ဖိုက်တာကောင်းတစ်ယောက်ပါ" လို့ ကလော့ပ်က ချီးကျူးခဲ့ပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD