AD
AD
AD

ဘာစီလိုနာအသင်းရဲ့ဘယ်နောက်ခံကစားသမား လူးကပ်စ်ဒစ်ဂနီဟာ ၎င်းအတွက် ကမ်းလှမ်းမှုတွေ ရှိလာခဲ့မယ်ဆိုရင် နူးကမ့်ကနေ ထွက်ခွာခွင့်ပေးဖို့ ဘာစီလိုနာအသင်းကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ဂျော်ဒီအယ်ဘာနဲ့ ပွဲထွက်ခွင့်မယှဉ်ပြိုင်နိုင်တဲ့ ဒစ်ဂနီဟာ ပြီးခဲ့တဲ့ ၂ ရာသီက ပီအက်စ်ဂျီအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။

play
Photos: Footballghana

စပိန်အသင်းဌာနတစ်ခုဖြစ်တဲ့ Sport ရဲ့သတင်းအရ လူးကပ်စ်ဒစ်ဂနီဟာ ပထမပွဲထွက်လူစာရင်းမှာ ပါဝင်ချင်နေပြီး ဘာစီလိုနာအသင်းမှာ ဆက်လက်ရှိနေခဲ့မယ်ဆိုရင် ဘယ်နောက်ခံနေရာအတွက် ပုံမှန်ပွဲထွက်ခွင့်ရရှိနေတဲ့ ဂျော်ဒီအယ်ဘာကြောင့် ပွဲထွက်ခွင့်များများ ရရှိမှာမဟုတ်ဘူးဆိုတာ သိနေတယ်လို့ သိရပါတယ်။

လူးကပ်စ်ဒစ်ဂနီဟာ ဘာစီလိုနာအသင်းကို ပီအက်စ်ဂျီအသင်းကနေ ပြီးခဲ့တဲ့ ၂ ရာသီက ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ကစားခွင့်ရရှိဖို့ ခက်ခက်ခဲခဲရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

play
Photos: Soccerladuma

 

ဘာစီလိုနာအသင်းဟာ ဒစ်ဂနီအတွက် ပီအက်စ်ဂျီအသင်းကို ယူရို ၁၆ သန်းပေးချေခဲ့ရပြီး ဒစ်ဂနီအတွက်နဲ့ ငွေကြေးတွေ အလဟဿ မဖြစ်ချင်တာကြောင့် လာမယ့်အပတ်အတွင်းမှာ ဒစ်ဂနီကို ရောင်းထုတ်သင့်မသင့် စဉ်းစားနေပြီဖြစ်ပါတယ်။ တကယ်လို့ ဒစ်ဂနီသာ နူးကမ့်ကနေ ထွက်ခွာခဲ့မယ်ဆိုရင် အာနက်စတိုဗယ်ဗာဒီအနေနဲ့ စီနီယာကစားသမားစာရင်းမှာ ဘယ်နောက်ခံကစားသမား တစ်ဦးတည်းသာ ကျန်ရှိတော့တာကြောင့် နောက်ထပ် ဘယ်နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူဖို့ လိုအပ်မှာဖြစ်ပါတယ်။

ဒစ်ဂနီဟာ ဘာစီလိုနာအသင်းကို စတင်ရောက်ရှိတဲ့ ၂၀၁၆ ခုနှစ်ကနေ ယနေ့အချိန်အထိ ၄၆ ပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်ထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD