AD
AD
AD

ရော်နယ်ဒိုကို အရခေါ်ယူနိုင်ပြီးတဲ့နောက်မှာ စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ၀ါရင့်နောက်ခံလူ ဂိုဒင်ကို ထပ်မံခေါ်ယူဖို့ ကြိုးစားနေတယ်လို့ 90 min က ဖော်ပြလိုက်ပါတယ်။ Tuttosport ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး 90 min က ရေးသားခဲ့ရာမှာ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီက ဥရုဂွေးသားကြီးကို ခေါ်ယူပေးစေချင်ခဲ့တယ်လို့ သိရပါတယ်။

play
Photo : 90 min

 

လက်ရှိမှာ အသင်းရဲ့ နောက်ခံလူ မက်တီယာကယ်ဒါရာ အတ္တလန္တာအသင်းကို အငှားနဲ့ ပြောင်းရွှေ့သွားခဲ့သလို ရှော်ကေးလ်အသင်းက အငှားခေါ်ယူထားခဲ့တဲ့ ဟိုဝီဒက်စ်ဟာလည်း အသင်းဟောင်းကို ပြန်လည်ရောက်ရှိသွားပြီ ဖြစ်ပါတယ်။ အခြားနောက်ခံလူများဖြစ်တဲ့ ဘီနာတီယာ နဲ့ ရူဂါနီတို့ဟာလည်း အသင်းပြောင်းရွှေ့ဖို့ နီးစပ်နေတာကြောင့် ဂျူဗင်တပ်စ်အသင်းရဲ့ နောက်တန်းမှာ ကစားသမားအင်အား နည်းပါးနေခဲ့ပြီ ဖြစ်ပါတယ်။

play
Photo : 90 min

 

အယ်လီဂရီအနေနဲ့ ဂိုဒင်ဟာ စီးရီးအေချန်ပီယံအသင်းကို ပြောင်းရွှေ့လာမယ်လို့ ယုံကြည်နေပြီး ရော်နယ်ဒို၊ ဂိုဒင်တို့ရဲ့ အင်အားနဲ့ ချန်ပီယံလိဂ်ဖလားကို စိန်ခေါ်နိုင်ဖို့ ရည်ရွယ်နေတာဖြစ်ပါတယ်။ ဂိုဒင်ဟာ (၈)နှစ်တာကာလအတွင်း အက်သလက်တီကိုအသင်းနဲ့အတူ လာလီဂါဖလား၊ ကိုပါဒယ်ရေး နဲ့ ယူရိုပါလိဂ်ဖလားတို့ကို ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖိုင်နယ် (၂)ကြိမ် တက်ရောက်ထားနိုင်ခဲ့ပါတယ်။

play
Photo : 90 min

 

လာမယ့်ဘောလုံးရာသီ အပြီးမှာ ဂိုဒင်နဲ့ အက်သလက်တီကိုတို့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် အက်သလက်တီကိုနည်းပြ ဆီမြွန်နီဟာ သူ့ရဲ့ ကစားသမားကို ဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဂိုဒင်ဦးဆောင်တဲ့ ဥရုဂွေးခံစစ်ဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲ မကစားရခင်အထိ (၄)ပွဲ ကစားပြီးချိန်မှာ ပေးဂိုးမရှိခဲ့တာ ဖြစ်ပါတယ်။

play
Photo : Metro

 

ဈေးကွက်အတွင်းမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ပစ်မှတ် ဗဟိုနောက်ခံကစားသမားတွေ များစွာ ရှိနေခဲ့ပြီး ဂိုဒင်ရဲ့ အသင်းဖော် ဆာဗစ်၊ အာဆင်နယ်နောက်ခံလူ မူစတာဖီတို့ကိုလည်း ဂျူဗင်တပ်စ်က သူတို့ရဲ့ စောင့်ကြည့်ကစားသမားစာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ဂိုဒင်ကို ခေါ်ယူမှု အထမမြောက်ခဲ့ပါက အဆိုပါကစားသမားတွေကို ခေါ်ယူဖို့  ကြိုးစားသွားမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD