AD
AD
AD

ရီးရဲမက်ဒရစ်အသင်းဟာ အီတလီစီးရီးအေထိပ်သီးအသင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး နေမာကို စံချိန်တင်ပြောင်းရွှေ့ကြေးယူရိုသန်း ၃၃၀ နဲ့ ခေါ်ယူသွားဖို့ ကြိုးပမ်းနေပါတယ်။

play
Photos: The Sun

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ၅ ကြိမ်အထိ ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့ဟာ လူအများ အံ့အားသင့်စရာဖြစ်ခဲ့ရပြီး ရီးရဲမက်ဒရစ်အသင်းက ရော်နယ်ဒိုရဲ့နေရာမှာအစားထိုးဖို့ ထိပ်တန်းတိုက်စစ်မှူးတွေကို ကြိုးပမ်းနေပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ လက်ရှိအချိန်မှာ ပြောင်းရွှေ့ကြေးအများဆုံးစံချိန်တင်ထားတဲ့ကစားသမားဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက ယင်းစံချိန်ထက်များစွာပိုမိုတဲ့ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ စံချိန်သစ်ထပ်တင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

play
Photos: CNN

 

ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းက ဟာဇက်၊ ပီအက်စ်ဂျီအသင်းက ဘတ်ပီ စတဲ့ကစားသမားတွေကို ခေါ်ယူနိုင်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ရီးရဲမက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်က နေမာကိုသာ ခေါ်ယူသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီက နေမာဟာ ပီအက်စ်ဂျီအသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့သူဖြစ်ပြီး စပိန်က သတင်းတွေအရ နေမာနဲ့ နေမာရဲ့ဖခင်တို့ဟာ ရီးရဲမက်ဒရစ်အသင်းနဲ့ လက်တွဲဖို့ စီစဉ်နေကြပြီလို့ သိရပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပွဲပေါင်း ၃၀ ပါဝင်ကစားပေးခဲ့ရာမှာ ၂၈ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁၆ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

play
Photos: Sportskeeda

 

ပီအက်စ်ဂျီအသင်းရဲ့ဥက္ကဌ နက်ဆာအယ်ခါလီဖီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဘာစီလိုနာအသင်းကနေ ခေါ်ယူထားတဲ့နေမာကို ၁ ရာသီသာ အသုံးပြုပြီး ရောင်းချသွားမှာမဟုတ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းက ကမ်းလှမ်းတဲ့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအသစ်ဖြစ်လာမယ့် ယူရိုသန်း ၃၃၀ ကို ပီအက်စ်ဂျီအသင်းက ငြင်းပယ်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD