AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်တောင်ပံကစားသမား ရိုင်ယန်ဂစ်က ခရစ်စတီယာနိုရော်နယ်ဒို ရီးရဲမက်ဒရစ်ကနေ ထွက်ခွာပြီး ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ခဲ့တာဟာ လာလီဂါပြိုင်ဘက်က လီယွန်နယ်မက်ဆီနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိနေတာကြောင့်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

ဆယ်စုနှစ်တစ်ခုခန့် ပြိုင်ဆိုင်မှုတွေ ပြင်းထန်ခဲ့ကြတဲ့ မက်ဆီနဲ့ ရော်နယ်ဒိုတို့ဟာ တစ်ဦးနဲ့တစ်ဦး အပြိုင်အဆိုင် အသင်းအတွက်ရော၊ တစ်ဦးချင်းစီပါ အကောင်းဆုံးဆုဖလားတွေကို အလှည့်ကျရယူခဲ့ကြပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ပြီး ၉ နှစ်အတွင်းမှာ ချန်ပီယံလိဂ်ဖလားကို ၄ ကြိမ်အထိ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ရက်အနည်းငယ်က ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး ၄ နှစ်စာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်ကစားသမားကြီး ရိုင်ယန်ဂစ်က အသင်းဖော်ဟောင်းလည်းဖြစ်တဲ့ ရော်နယ်ဒိုရဲ့အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ရော်နယ်ဒို ဂျူဗင်တပ်ကို ပြောင်းရွှေ့သွားတာဟာ စပိန်လာလီဂါပြိုင်ဘက်ဖြစ်တဲ့ မက်ဆီထက် ပိုမို ကောင်းမွန်တဲ့ကစားသမားဖြစ်ကြောင်း သက်သေပြချင်တဲ့အတွက်သာဖြစ်တယ်လို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

play

 

"ကျွန်တော် အရမ်းအံ့အားသင့်သွားခဲ့တယ်။ ရီးရဲမက်ဒရစ်အသင်းကို စွန့်ခွာပြီး အီတလီကို သွားတာ အရမ်းအံ့သြမိတယ်"

"အဲဒါက သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ခုလို့ ထင်ပါတယ်။ ဒါပေမယ့် သူက ကြီးမားတဲ့အသင်းကြီးတစ်ခုကို သွားခဲ့တာပါ။ သူ့ရဲ့မှတ်တမ်းမှာ မန်ယူ၊ ရီးရဲ၊ ဂျူဗင်တပ် စတဲ့အသင်းကြီးတွေမှာပဲ ကစားခဲ့တယ်ဆိုတာမျိုး ဖြစ်သွားတာပေါ့။ အသက် ၃၃ နှစ်အရွယ်မှာ သူ့အတွက် စိန်ခေါ်မှုတစ်ခု စတင်ခဲ့တာပါ"

"သူ့စိတ်ထဲမှာ မက်ဆီထက် ပိုကောင်းမွန်နေဖို့ပဲ အမြဲရှိနေတယ်။ ငါ အင်္ဂလန်မှာ လုပ်ပြနိုင်ခဲ့တယ်။ ငါ စပိန်မှာ လုပ်ပြနိုင်ခဲ့တယ်။ အခု အီတလီကို သွားပြီး လုပ်ပြမယ်။ ငါ ပေါ်တူဂီအသင်းနဲ့တောင် လုပ်ပြနိုင်ခဲ့တယ်။ အဲဒီတော့ သူ့အတွက် အငြင်းပွားစရာက သူ ငါက မက်ဆီထက် ပိုကောင်းလားဆိုတဲ့အတွေး တွေးမိတဲ့အချိန်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပေါ်တူဂီအသင်းကို ၁၆ သင်းရှုံးထွက်အဆင့်အထိ တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပြီး ဥရုဂွေးအသင်းကို ၁၆ သင်းအဆင့်မှာ ရှုံးပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။ ယခုရော်နယ်ဒိုဟာ အပန်းဖြေအားလပ်ရက်ကို ဂရိနိုင်ငံမှာ ကုန်ဆုံးပြီးတာနဲ့ ဂျူဗင်တပ်အသင်းကို တရားဝင်ပြောင်းရွှေ့တော့မှာဖြစ်ပြီး ရော်နယ်ဒိုပါဝင်ကစားမယ့် စီးရီးအေပထမဆုံးပွဲစဉ်ကို ကြေညာခြင်းမရှိသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD