AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံး အပြောင်းအရွှေ့သတင်းများကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play
Photo : Si.com

 

- ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာခဲ့တဲ့ ဆာရီဟာ အသင်းရဲ့ ကွင်းလယ်လူ ဘာကာယိုကိုကို ပြန်လည်ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ မိုနာကိုအသင်းကနေ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ချယ်လ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ ကွင်းလယ်လူ ဘာကာယိုကိုရဲ့ ခြေစွမ်း အပေါ်မှာ ဆာရီက နှစ်ခြိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဆာရီဟာ ချယ်လ်ဆီးကို ရောက်ရှိပြီးနောက် တပည့်ဟောင်း ဂျော်ဂျင်ဟိုကို ခေါ်ယူနိုင်ခဲ့ပြီး ဘာကာယိုကိုကို ပြန်လည်ရောင်းချတော့မှာ ဖြစ်ပါတယ်။

play
Photo : Bavarian Football Works

 

- ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းဟာ ဘိုဒေါ့စ်အသင်းရဲ့ တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ Sky Sports က ဖော်ပြခဲ့ပါတယ်။ အသက် (၂၁)နှစ်အရွယ် ဘရာဇီးလ်ကစားသမားကို ဥရောပအသင်းကြီးတွေက စိတ်ဝင်စားနေခဲ့ပြီး အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ သတင်းများ ထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အဲဗာတန်အသင်းက မယ်ကွန်လ်ကို ပေါင်သန်း (၃၀)နဲ့ ကမ်းလှမ်းမှုပြုလုပ်ခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။

play
Photo : Mirror

 

- တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြင်သစ်အသင်းအတွက် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ ညာနောက်ခံလူ ပါဗက်ကို ခေါ်ယူဖို့ စတုဂတ်အသင်းကို ဆက်သွယ်နေတယ်လို့ TEAMtalk က ဖော်ပြခဲ့ပါတယ်။ အသက် (၂၂)နှစ်သာ ရှိသေးတဲ့ ပါဗက်ဟာ နောက်တန်းမှာ နေရာစုံ ဆော့ကစားနိုင်သလို ကွင်းလယ်မှာလည်း ကစားနိုင်စွမ်း ရှိသူ ဖြစ်ပါတယ်။ အယ်ဒါဝီရယ် ထွက်ခွာနိုင်ဖွယ် ရှိတာကြောင့် စပါးက ပါဗက်ကို အရခေါ်ယူဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

play

 

- ချယ်လ်ဆီးအသင်းကို ဂိုလိုဗင် ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေကို ကစားသမားရဲ့ ကလပ်အသင်းဖြစ်တဲ့ စီအက်စ်ကေအေ အသင်းက ငြင်းဆန်ပယ်ချလိုက်ပါတယ်။ အသက် (၂၂)နှစ်အရွယ် ကွင်းလယ်ဖန်တီးရှင်ဟာ စတန်းဖို့ဘရစ်ခ်ျကို ပြောင်းရွှေ့တော့မယ်လို့ သတင်းများ ထွက်ပေါ်နေခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကလပ်အသင်းက ငြင်းဆန်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂိုလိုဗင်ဟာ ရုရှားကလပ်ကနေ ထွက်ခွာချင်နေတယ်လို့ Goal.com က ဖော်ပြခဲ့ပါတယ်။

play
Photo : Goal.com

 

- ရီးရဲလ်နည်းပြရာထူးက နှုတ်ထွက်ခဲ့တဲ့ ဇီဒန်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် တာဝန်ယူတော့မယ်လို့ Libertad Digial က ဖော်ပြလိုက်ပါတယ်။ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကနေ အံ့အားသင့်ဖွယ် နှုတ်ထွက်ခဲ့တဲ့ ဇီဒန်းဟာ အသင်းကို ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ဆက် ရရှိအောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ကစားသမားဘ၀မှာ ဇီဒန်းဟာ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၁ ခုနှစ်အထိ ဂျူဗင်တပ်စ်အသင်းမှာ ကစားခဲ့သူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD