AD
AD
AD

ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ ဂျူဗင်တပ်စ်အသင်းရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ဒါရိုက်တာအဖြစ် တာဝန်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့တယ်လို့ Express က ဖော်ပြခဲ့ပါတယ်။ စပိန်သတင်းစာ Libertad Digital ရဲ့ ဖော်ပြချက်ကို ကိုးကားပြီး Express က ဖော်ပြခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : Express

 

လာမယ့်ရက်အနည်းငယ်အတွင်းမှာ ဇီဒန်းဟာ အဆိုပါတာဝန်ကို စတင်ထမ်းဆောင်တော့မယ်လို့ သိရပါတယ်။ ဒါဟာ ရီးရဲလ်မက်ဒရစ်မှာ အတူတကွ ပူးပေါင်းခဲ့တဲ့ ရော်နယ်ဒိုနဲ့ ဇီဒန်းတို့ရဲ့ ပြန်လည်ပေါင်းစည်းခြင်းလည်း ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းကို ချန်ပီယံလိဂ်ဖလား (၃)ကြိမ်ဆက် ရရှိအောင် ဇီဒန်းနဲ့ရော်နယ်ဒိုတို့က စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

play
Photo : Express

 

၂၀၁၆ ခုနှစ်၊ ဇန်န၀ါရီလမှာ ရီးရဲလ်နည်းပြရာထူးကို စတင်တာဝန်ယူခဲ့တဲ့ ဇီဒန်းဟာ မေလအတွင်းက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှာ ရီးရဲလ်နည်းပြအဖြစ်ကနေ နှုတ်ထွက်သွားခဲ့သူ ဖြစ်ပါတယ်။ ဇီဒန်းအနေနဲ့ ဂျူဗင်တပ်စ်မှာ ပြန်လည်တာဝန်ထမ်းဆောင်ခဲ့တာဟာ အံ့အားသင့်စရာတော့ မဟုတ်ပဲ အသင်းဟောင်းကို ပြန်လည်ရောက်ရှိခဲ့တာဖြစ်ပါတယ်။

play
Photo : Express

 

ဇီဒန်းဟာ ဂျူဗင်တပ်စ်အသင်းမှာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ (၅)နှစ်ကြာ ကစားခဲ့သူ ဖြစ်ပါတယ်။ အဲဒီနောက်မှာ ဇီဒန်းဟာ ရီးရဲလ်မက်ဒရစ်ကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို ၇၇.၅သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီအေဖလား (၂)ကြိမ် ရရှိခဲ့ပြီး ချန်ပီယံလိဂ်ဖလားတော့ ရယူနိုင်ခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။

play
Photo : Express

 

ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ ဂျူဗင်တပ်စ်ဟာ ရီးရဲလ်တိုက်စစ်မှူး ရော်နယ်ဒိုကို ယူရိုသန်း ၁၀၀ နဲ့ ခေါ်ယူခဲ့ပြီး (၄)နှစ် စာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ရီးရဲလ်နည်းပြဟောင်း၊ အသင်းရဲ့ ကစားသမားဟောင်း ဇီဒန်းကို အားကစားဒါရိုက်တာအဖြစ် ခန့်အပ်ဖို့ ဂျူဗင်တပ်စ်က စီစဉ်ခဲ့ပြီး ရော်နယ်ဒိုနဲ့ဇီဒန်းတို့ကို ပြန်လည်ပေါင်းစည်းစေခဲ့ပါတယ်။

play
Photo : Sky Sports

 

ဇီဒန်း ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိလာမှုဟာ လက်ရှိ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီအတွက် ဖိအားတွေဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ခဲ့ကြပြီး အယ်လီဂရီအနေနဲ့ ချန်ပီယံလိဂ်ဖလား မရယူပေးနိုင်ပါက ဂျူဗင်တပ်စ်က ဇီဒန်းနဲ့ အစားထိုးဖို့ ရည်ရွယ်ထားကြောင်းလည်း မီဒီယာများက သုံးသပ်ရေးသားခဲ့ကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD