AD
AD
AD

ရော်နယ်ဒိုရဲ့ မိခင်စြဖ်သူ မာရီယာအေဗီရိုက ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်ကို ပြောင်းရွှေ့စေချင်တယ်လို့ သူမ ပြောကြားခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။ ဒီသတင်းတွေဟာ အလိမ်အညာတွေ ဖြစ်တယ်လို့လည်း သူမက ပြောဆိုတုံ့ပြန်သွားခဲ့ပါတယ်။

play
Photo : ESPN

 

ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလား ရယူပြီးတဲ့နောက် ရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့တဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒီအချိန်မှာ အေဗီရိုက သူမရဲ့ သားဖြစ်သူကို အိုးထရက်ဖို့ဒ်မှာ ပြန်လည်ကစားတာ တွေ့မြင်ချင်တယ်လို့ ပြောကြားခဲ့တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။

play
Photo : ESPN

 

ဒါပေမယ့်လည်း ဂျူဗင်တပ်စ်ကို သူမရဲ့သားဖြစ်သူ ပြောင်းရွှေ့ခဲ့အပြီးမှာတော့ အေဗီရိုက သူမအနေနဲ့ အဲဒီလိုမျိုးတွေ မပြောကြားခဲ့ဘူးလို့ ငြင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ မန်ချက်စတာယူနိုက်တက်မှာ (၆)နှစ်ကြာ ကစားခဲ့ဖူးပြီး အောင်မြင်တဲ့ ကစားသမား ဘ၀ကို ပိုင်ဆိုင်ခဲ့ကာ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ယူနိုက်တက်နဲ့အတူ ရရှိခဲ့တာ ဖြစ်ပါတယ်။

 

"မန်ချက်စတာယူနိုက်တက်ကို သူ ပြန်သွားစေချင်တယ်လို့ ကျွန်မပြောခဲ့တယ်ဆိုတာ မဟုတ်ပါဘူး၊ အဲဒါ အလိမ်အညာစကားတွေပါ၊ မမှန်ကန်ပါဘူး၊ သူ့ရဲ့ ရွေးချယ်မှုအတွက် ကျွန်မ ပျော်ရွှင်မိပါတယ်၊ ကျွန်မတို့အားလုံးအတွက် ပျော်ရွှင်စရာ နေ့ရက်လည်း ဖြစ်ပါတယ်၊ ဂျူဗီကို အောင်မြင်အောင် သူ စွမ်းဆောင်ပေးနိုင်မှာပါ၊ ဒါက သူ့အတွက် စွန့်စားခန်းအသစ်ဖြစ်သလို ဘ၀အသစ်လည်း ဖြစ်ပါတယ်၊ သူ ရီးရဲလ်မှာ ပျော်ရွှင်နေပေမယ့် အခြားစိန်ခေါ်မှုတွေ လိုအပ်နေခဲ့တာပါ" လို့ အေဗီရိုက ပြန်လည်ဖြေရှင်းခဲ့ပါတယ်။

play
Photo : ESPN

 

ရော်နယ်ဒိုရဲ့ ရီးရဲလ်မက်ဒရစ်မှာ (၉)နှစ်ကြာ ကစားသမားဘ၀ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်ကို ယူရိုသန်း ၁၀၀ နဲ့ ပြောင်းရွှေ့ခဲ့ပြီး လေးနှစ်စာချုပ်ချုပ်ဆိုခဲ့တာလည်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းရဲ့ အိမ်ကွင်း အလိုင်းရင်ဇ့် ကွင်းကြီးထဲမှာ ရော်နယ်ဒိုဟာ မိသားစုတွေနဲ့အတူ ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။

play
Photo : ESPN

 

"မင်းအတွက် ဂုဏ်ယူမိပါတယ်၊ မင်းဘ၀အတွက် အရေးအကြီးဆုံး အချိန်ပါပဲ၊ ကျေးဇူးတင်ပါတယ်" လို့ မိသားစုဓာတ်ပုံကို အေဗီရိုက သူမရဲ့ အင်စတာဂရမ်အကောင့်မှာ တင်ထားခဲ့ပြီး ရေးသားဖော်ပြမှု ပြုလုပ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD