AD
AD
AD

ခရိုအေးရှား အသင်းကို ကမ္ဘာ့ဖလားမှာ အုပ်စုတွင်း ရာနှုန်းပြည့်နိုင်ပွဲနဲ့အတူ ဗိုလ်လုပွဲအထိ အောင်အောင်မြင်မြင် ခေါ်ဆောင်လာပေးခဲ့တာ ကြောင့် တစ်နိုင်ငံလုံးရဲ့ ယုံကြည်မှုကို ရယူနိုင်ခဲ့ပါတယ်။

play

 

၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို သမိုင်းဝင် ဗိုလ်လုပွဲကြီးဆီ ခေါ်ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဒါလစ်ကိုတော့ မချီးကျူးပဲ နေလို့ မရပါဘူး။

၎င်းတို့ရဲ့ အိမ်အပြန် ဇာဂရက်လမ်းမထက်မှာတော့ ခရိအေးရှားပြည်သူ ၅ သိန်းကျော်က တစ်ခဲနက် ကြိုဆိုဂုဏ်ပြုခဲ့ကြတာကလည်း မြင်ရသူ အဖို့ ကြက်သီး ထချင်စရာကောင်းလှပါတယ်။

play

 

ဒီလို သမိုင်းစာမျက်နှာတစ်ခု လှစ်ဟပေးခဲ့တဲ့ဒါလစ်က ဘယ်ကလာတာလဲ ဘယ်သူလဲဆိုတာရော ပရိသတ်တွေ သတိထားမိပါရဲ့လား?

ဒါလစ်ကို ၁၉၆၆ အောက်တိုဘာ ၂၆ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ အသက် ၅၁ နှစ်အရွယ်ရှိနေပါပြီ။ ဒါလစ်က ကစားသမား ဘ၀မှာ နာမည်ကြီး ကလပ်အသင်းတွေမှာလည်း မကစားခဲ့ဖူးသလို နည်းပြဘ၀မှာလည်း နာမည်ကြီး ကလပ်အသင်းတွေကို မကိုင်ခဲ့ဖူးပါဘူး။

ပြည်တွင်းလိဂ်တော်တောများများမှာသာ လုပ်ကိုင်ခဲ့သူဖြစ်သလို ဒီလို အတွေ့အကြုံပိုင်း အားနည်းတဲ့နည်းပြတစ်ဦးကို ကမ္ဘာ့ဖလားကစားမယ့် နိုင်ငံအသင်းအတွက် ရဲရဲ ၀ံ့ဝံ့ ရွေးချယ်ခဲ့တဲ့ ခရိုအေးရှား ဘောလုံးအဖွဲ့ချုပ်ကိုတော့ လေးစားရမှာပါ။

အခုလို ခရိုအေးရှားနိုင်ငံအသင်းနဲ့အတူ ကမ္ဘာ့အလယ်မှာ ရုတ်ချည်းအောင်မြင်မှု ရယူခဲ့တဲ့ ဒါလစ်က -" ကျွန်တော် ဘရာဇီး ဒါမှမဟုတ် ဘာစီလို နာအသင်းကို နည်းပြအဖြစ် တာဝန်ယူနိုင်ကောင်း ယူနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ခရိုအေးရှားအသင်းကတော့ အမြဲတမ်း နံပါတ်တစ်ဦးစားပေးပါ ပဲ"လို့ ပြောခဲ့ပါတယ်။

ပရိသတ်ကြီးကရော ဒါလစ်လို နည်းပြမျိုးကို နောက်ထပ်ဘယ်အသင်းနဲ့ ထပ်မံမြင်တွေ့လိုလဲ? နောက်ပြီး ဒါလစ်ကရော အမှန်တစ်ကယ်ပဲ တည် ငြိမ်တဲ့ နည်းပြတစ်ဦးလား? ကောက်ရိုးမီးလို နည်းပြပဲလား ဆိုတာကတော့ သူ့ရဲ့ အနာဂတ်မှာ ဘာတွေ ဖြစ်မလဲဆိုတာပဲ စောင့်ကြည့်သွားရ တော့မှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD