AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာဟာ အသင်းကနေ ထွက်ခွာပြီး ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုရှိတဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေု့တော့မယ်လို့ အီတလီကလာတဲ့ သတင်းတွေအရသိရပါတယ်။ ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ရာသီက နည်းပြ မော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီး ပွဲစဉ်တော်တော်များများ အရန်ခုံမှာ ထိုင်နေရသူဖြစ်ပါတယ်။

play

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ပေါ့ဂ်ဘာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ခံထားရသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းမှာတော့ ပေါ့ဂ်ဘာဟာ နည်းပြ မော်ရင်ဟိုရဲ့နည်းစနစ်ပိုင်းနဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့မှုကြောင့် မော်ရင်ဟိုနဲ့ ဆက်ဆံရေးမပြေမလည်ဖြစ်ခဲ့ပြီး မော်ရင်ဟိုကလည်း ပေါ့ဂ်ဘာရဲ့စွမ်းဆောင်ရည်ကို ဝေဖန်ပြစ်တင်ခဲ့တဲ့အတွက် အခြေအနေတွေ ပိုမိုဆိုးရွားသွားခဲ့ပါတယ်။

play

 

Tuttosport ရဲ့ရေးသားချက်အရ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာပြီး အသင်းဟောင်းဖြစ်တဲ့ ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့လိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ပေါ့ဂ်ဘာ ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ချင်တဲ့ အဓိကအကြောင်းအရင်းကတော့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ ရီးရဲမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုကြောင့်လို့ သိရပါတယ်။

ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပြီးနောက် ဂျူဗင်တပ်အသင်းမှာ ၄ ရာသီကြာ ကစားခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းအတွက် ၄ ရာသီကြာ ကစားပေးခဲ့တဲ့အချိန်အတွင်းမှာ စီးရီးအေဖလား ၄ ကြိမ်၊ ကိုပါအီတာလီယာဖလား ၂ ကြိမ်၊ စူပါကိုပါအီတာလီယာနာဖလား ၂ ကြိမ် ရရှိခဲ့တဲ့ပေါ့ဂ်ဘာဟာ ပြီးခဲ့တဲ့ ၂၀၁၆ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းကို ပေါင် ၈၉ သန်းနဲ့ ပြန်လည်ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။

play

 

ပေါ့ဂ်ဘာဟာ လက်ရှိအချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဆက်လက်လက်တွဲလိုစိတ်မရှိဖြစ်နေပြီး ကြားသိရတဲ့သတင်းတွေအရ ယခုနှစ်အစောပိုင်းတုန်းက နည်းပြမော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ အဝတ်လဲခန်းအတွင်းမှာ အချင်းများခဲ့ကြသေးတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရိုအေးရှားအသင်းကို ဗိုလ်လုပွဲမှာ အနိုင်ရရှိပြီး ပြင်သစ်အသင်းနဲ့အတူ အောင်ပွဲခံနေစဉ် ပေါ့ဂ်ဘာကို အသင်းဖော် မတွီဒီက ဂျူဗင်တပ်အသင်းကို ပြန်လာဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အင်စတာဂရမ်မှာ တင်ထားတဲ့ ဗီဒီယိုထဲမှာ မတွီဒီက ပေါ့ဂ်ဘာကို ဂျူဗင်တပ်ကို ပြန်လာရမယ်ဆိုတာ မှတ်ထားဦးလို့ ပြောဆိုခဲ့ပြီး ပေါ့ဂ်ဘာက ပြုံးရင်းနဲ့ ဂျူဗင်တပ်အသင်းရဲ့နောက်ထပ်နာမည်တစ်ခုဖြစ်တဲ့ Old Lady ဆိုတဲ့အမည်ကို ကြွေးကြော်ခဲ့တာကို တွေ့ရပါတယ်။ ယင်းဗီဒီယိုအရ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကနေ ထွက်ခွာချင်နေပြီဆိုတာကို ပြသလိုက်တာဖြစ်ပြီး ဂျူဗင်တပ်အသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ ခန့်မှန်းရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD