AD
AD
AD

ပီအက်စ်ဂျီအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး နေမာဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းက နေမာကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပြီး ပီအက်စ်ဂျီအသင်းကလည်း နေမာ အသင်းမှာဆက်လက်ရှိနေမှာဖြစ်ကြောင်း အတည်ပြုပေးခဲ့ပါတယ်။

play
Photos: AS

ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့အတွက် အားလုံးက နေမာကို ရရှိဖို့ အစွမ်းကုန်ကြိုးပမ်းပြီး ခေါ်ယူသွားမယ်လို့ တွက်ဆထားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရီးရဲမက်ဒရစ်အသင်းက ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူးနေမာကို ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး မည်သည့်ကမ်းလှမ်းမှုမျိုးမှ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

play
Photos: Sky Sports

 

နေမာဟာ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဘရာဇီးလ်အသင်းနဲ့အတူ အောင်မြင်မှုမရရှိခဲ့ဘဲ ကွာတားဖိုင်နယ်အဆင့်ကနေသာ လှည့်ပြန်ခဲ့ရတာကြောင့် ကလပ်အသင်းနဲ့ အောင်မြင်မှုတစ်စုံတရာရယူလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နေမာဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာခဲ့ချိန်ကနေစပြီး ရီးရဲမက်ဒရစ်အသင်းကို ရောက်ရှိဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပြီး ပီအက်စ်ဂျီအသင်းလေ့ကျင့်ရေးစင်တာရဲ့ဒါရိုက်တာလူးဝစ်ဖာနန်ဒက်ဇ်က နေမာရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာမှာမဟုတ်ကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

play
Photos: Soccerladuma

 

"ပီအက်စ်ဂျီအသင်းမှာပဲနေဖို့ နေမာ ဆုံးဖြတ်ပြီးသွားပါပြီ"

"သူ ကမ္ဘာ့ဖလားမှာ အောင်မြင်မှုများများစားစား မရခဲ့တဲ့အတွက် အောင်မြင်မှုကို လိုချင်နေပါတယ်။ ပီအက်စ်ဂျီအသင်းနဲ့ ဆုဖလားတွေ ရယူချင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD