AD
AD
AD

နာပိုလီအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား လော်ရန်ဇိုအင်ဆစ်ဂနီဟာ ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို သတိပေးစကားပြောကြားလိုက်ပြီး အီတလီစီးရီးအေမှာ ဘယ်လိုပုံစံမျိုးနဲ့ စွမ်းဆောင်ပြမလဲဆိုတာကို အရမ်းသိချင်နေပြီလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

play
Photos: Goal

ပြီးခဲ့တဲ့တနင်္လာနေ့က ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေးယူရိုသန်း ၁၀၀ နဲ့ ရောက်ရှိခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ အကောင်းဆုံးပုံစံနဲ့ ဆုဖလားအားလုံးကို ရယူသွားမယ်လို့ ကြုံးဝါးခဲ့သူဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကိုလည်း ယခုထက်ပိုမိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိအောင် သယ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ပြောကြားခဲ့ပါတယ်။

play
Photos: Goal

 

ဂျူဗင်တပ်အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုကို အီတလီစီးရီးအေထိပ်သီးအသင်းတစ်သင်းဖြစ်တဲ့ နာပိုလီအသင်းရဲ့ကြယ်ပွင့် တောင်ပံကစားသမား လော်ရန်ဇိုအင်ဆစ်ဂနီက ပထမဆုံး စကားစစ်ထိုးသူဖြစ်လာခဲ့ပြီဖြစ်ပြီး စီးရီးအေမှာ ရော်နယ်ဒို ဘယ်လိုပုံစံမျိုးနဲ့ ထူးထူးခြားခြားစွမ်းဆောင်ပြနိုင်မလဲဆိုတာ အရမ်းသိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အင်ဆစ်ဂနီက ခရစ်စတီယာနိုရော်နယ်ဒိုအနေနဲ့ အီတလီစီးရီးအေမှာ ယခင်က ကစားခဲ့တဲ့ စပိန်လာလီဂါမှာတုန်းကထက် စိန်ခေါ်မှုတွေကို ပိုမိုရှာဖွေတွေ့ရှိမယ်လို့ ပြောကြားခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒို ဂျူဗင်တပ်အသင်းကို ရောက်ရှိလာတဲ့နေ့မှာပဲ ၂၄ နာရီအတွင်း ဂျူဗင်တပ်အသင်းရဲ့ ကျောနံပါတ် ၇ ဂျာစီပေါင်း ၅ သိန်း ၂ သောင်း အော်ဒါလက်ခံရရှိခဲ့ပြီး ပရိသတ်တွေက ရော်နယ်ဒိုကို အားပေးထောက်ခံနေတယ်ဆိုတာကို တွေ့မြင်ခဲ့ရပါတယ်။

"သူ ကျွန်တော်တို့လိဂ်ပြိုင်ပွဲနဲ့ အံဝင်ခွင်ကျဖြစ်အောင် ဘယ်လိုလုပ်ပြမလဲဆိုတာ အရမ်းသိချင်နေပါတယ်"

"ဒီမှာ သူတစ်ယောက်တည်းနဲ့ အနိုင်ရရှိအောင် လုပ်လို့မရပါဘူး"

play
Photos: The Guardian

အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ နာပိုလီအသင်း တောင်ပံကစားသမား အင်ဆစ်ဂနီက ရော်နယ်ဒိုရရှိခဲ့တဲ့ ဆုတံဆိပ်တွေအတွက် လေးစားမှုရှိပေမယ့် ရော်နယ်ဒိုရဲ့ပြိုင်ဘက် မက်ဆီကိုသာ ပိုမိုနှစ်သက်ကြောင်း ပြောကြားခဲ့ပါတယ်။

"ပုဂ္ဂိုလ်ရေးအရ၊ ပြီးတော့ကစားသမားတစ်ယောက်အနေနဲ့ မက်ဆီကို ပိုနှစ်သက်ပါတယ်။ ဒါပေမယ့် ရော်နယ်ဒိုရဲ့အရည်အသွေးကတော့ မေးခွန်းထုတ်စရာမဟုတ်ပါဘူး။ သူရခဲ့တဲ့ ဘလွန်းဒီအော် ၅ ဆုက သူ ဘာလဲဆိုတဲ့အဓိပ္ပာယ်ပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD