AD
AD
AD

ယနေ့နံနက်မှာ နောက်ဆုံးရရှိထားတဲ့ ဥရောပတလွှားက ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- ချယ်ဆီးအသင်းရဲ့ကစားသမားတွေဖြစ်တဲ့ အီဒင်ဟာဇက်နဲ့ ကော်တိုရစ်တို့ဟာ ရီးရဲမက်ဒရစ်အသင်းက ယူရိုသန်း ၃၀၀ သုံးစွဲပြီး ခေါ်ယူမယ့် ကစားသမား ၄ ဦးစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေကြောင်း Don Balon က ရေးသားထားပါတယ်။ ဟာဖက်နဲ့ ကော်တိုရစ်တို့ဟာ ရီးရဲမက်ဒရစ်အသင်းဥက္ကဌ ဖလော်ရန်တီနိုပီးရက်ဇ်ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်ခဲ့သူတွေဖြစ်ပြီး ဂျူဗင်တပ်အသင်းရဲ့ကွင်းလယ်ကစားသမား ပီဂျာနစ်နဲ့ အေစီမီလန်နောက်ခံကစားသမား ဘိုနူချီတို့က ရီးရဲမက်ဒရစ်နည်းပြသစ် လော့ပတယ်ဂီရဲ့ကစားသမားစာရင်းကို ပိုမိုတောင့်တင်းစေမယ့်သူတွေ ဖြစ်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ သီယေဂိုအယ်ကန်တာရာတို့ကို ခေါ်ယူဖို့ စဉ်းစားနေကြောင်း The Independent က ရေးသားထားပါတယ်။ ယင်းကစားသမားနှစ်ဦးဟာ ဘိုင်ယန်မြူးနစ်အသင်းက ထွက်ခွာဖို့ ပြင်ဆင်နေသူတွေဖြစ်ကြပြီး မန်ယူအသင်းက သီယေဂိုအယ်ကန်တာရာ ဘာစီလိုနာအသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို မပြောင်းရွှေ့မီတုန်းကတစ်ကြိမ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပါတယ်။

play

 

- တော့တင်ဟမ်ဟော့စပါးအသင်းဟာ အက်စတွန်ဗီလာအသင်းရဲ့ကြယ်ပွင့်ကစားသမား ဂျက်ဂရီရယ်လစ်ရှ်ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း Sky Sports News ရဲ့သတင်းအရ သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်သာရှိသေးတဲ့ ဂရီရယ်လစ်ရှ်ဟာ ပြီးခဲ့တဲ့ရာသီမှာ အက်စတွန်ဗီလာအသင်းကို ချန်ပီယံရှစ် Play-off ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့်ကစားသမားဖြစ်ပါတယ်။

play

 

- မန်ချက်စတာစီးတီးအသင်းဟာ ရိုးမားအသင်းရဲ့ကြယ်ပွင့်ကစားသမား ဆန်ဂစ်အန်ဒါကို ခေါ်ယူဖို့ စောင့်ကြည့်နေကြောင်း Calciomercato က ရေးသားထားပါတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အန်ဒါဟာ ပြီးခဲ့တဲ့နွေရာသီကမှ ဘာကာဆီဟာအသင်းကနေ ရိုးမားအသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ပထမဆုံးရာသီမှာ ၃၂ ပွဲပါဝင်ကစားပေးခဲ့ရာမှာ ၈ ဂိုးသွင်းယူပေးခဲ့ပါတယ်။

play

 

- အာဆင်နယ်အသင်းဟာ ဘာစီလိုနာအသင်းရဲ့ဆယ်ကျော်သက်ဘယ်နောက်ခံကစားသမား ဂျိုရယ်လိုပက်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာတော့မယ်လို့ Evening Standard က ရေးသားထားပါတယ်။ လိုပက်ဇ်ဟာ အာဆင်နယ်အသင်းနဲ့ လူငယ်စာချုပ် ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေပြီး အသက် ၁၇ နှစ်ပြည့်မြောက်မယ့် မတ်လမှာ ပရော်ဖက်ရှင်နယ်စာချုပ်ကို ချုပ်ဆိုသွားမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD