AD
AD
AD

အာဆင်နယ်အသင်းကို ၂၂ နှစ်ကြာကိုင်တွယ်ခဲ့တဲ့ ဝါရင့်နည်းပြကြီး အာစင်ဝင်းဂါးက ဘာစီလိုနာအသင်းရဲ့ ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီရဲ့ အားနည်းချက်ကဘာလဲဆိုတာ ရှင်းပြခဲ့ပါတယ်။ အာစင်ဝင်းဂါးက ဘယ်ကစားသမားကမှ အရာအားလုံးပြီးပြည့်စုံတယ်လို့ မရှိကြောင်း ပြောကြားခဲ့ပြီး မက်ဆီရဲ့အားနည်းချက်ကို အသင်းဖော်တွေက ဖုံးဖိပေးထားတာလို့ ပြောကြားခဲ့ပါတယ်။

play
Photos: The Irish Sun

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ပြီးပြည့်စုံတဲ့ကစားသမားဖြစ်လုနီးပါးလို့ ဆိုရမှာဖြစ်ပြီး အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ ပြီးပြည့်စုံတဲ့ကစားသမားဆိုတာမရှိကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။

အာစင်ဝင်းဂါးက ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် လီယွန်နယ်မက်ဆီမှာလည်း ပွဲစဉ်အတွင်း အားနည်းချက်တွေရှိနေပြီး ဥပမာ ခေါင်းတိုက်ခြင်းနဲ့ ခံစစ်ကစားနိုင်တဲ့အရည်အချင်းတို့မှာ လိုအပ်ချက်တွေရှိနေတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

play
Photos: Goal

 

"ပြီးပြည့်စုံတဲ့ကစားသမားဆိုတာ မရှိပါဘူး။ သူတို့အားလုံးမှာ အပြစ်အနာအဆာလေးတွေ ရှိတတ်ကြပါတယ်"

"ဥပမာ- မက်ဆီက ကျန်တဲ့ကစားသမားတွေအားလုံးထက် ပိုပြီး ပြီးပြည့်စုံတယ်လို့ ပြောလို့ရပါတယ်။ သူက တခြားကစားသမားတွေ ကစားနိုင်အောင်လည်း လုပ်ပေးနိုင်တယ်။ သူကိုယ်တိုင်လည်း ဂိုးသွင်းယူနိုင်တယ်။ ဒါပေမယ့် သူ့မှာ အားနည်းချက်ရှိပါတယ်။ အချို့လူတွေ ထင်နေကြတဲ့ ဆန့်ကျင်ဘက်ဟာပေါ့"

"သူကစားတဲ့ပွဲစဉ်တွေကို ခင်ဗျား အသေးစိတ်ခွဲခြမ်းစိတ်ဖြာကြည့်မယ်ဆိုရင် သူက လေထဲမှာ အရမ်းမကောင်းမွန်ပါဘူး။ ပြီးတော့ ကောင်းမွန်တဲ့ ခံစစ်ကစားပုံလည်းမရှိပါဘူး"

"ဒါပေမယ့် ခင်ဗျားအနေနဲ့ အားနည်းချက်တွေနဲ့ နေနေလို့မရဘူးလေ။ ခင်ဗျားရဲ့အားသန်မှုနဲ့ နေနိုင်အောင် လုပ်ရမှာပါ။ အဲဒါကြောင့် နည်းပြက ကြံ့ခိုင်မှုကို အလေးပေးပြီး တတ်နိုင်သမျှ မက်ဆီရဲ့ဖုံးကွယ်ထားတဲ့အားနည်းချက်ကို မရိပ်မိအောင် သူ့အနားမှာ ကစားသမားတွေအများကြီး ဝန်းရံထားစေတာပေါ့"လို့ သုံးသပ်ပြသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD