AD
AD
AD

သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီဟာ အသင်းဟောင်း နာပိုလီအသင်းကို ပြန်လည်ပြောင်းရွှေ့ဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ ESPN က ဖော်ပြခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ထာဝရဂိုးသွင်းအများဆုံး ကစားသမားအဖြစ် သွင်းဂိုးပေါင်း (၁၇၀)အထိ သွင်းယူပေးခဲ့တဲ့ ကာဗာနီဟာ နာပိုလီနဲ့လေးနှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် ၆.၇သန်းအထိ ရရှိမယ်လို့လည်း သိရပါတယ်။

play
Photo : Goal.com

 

- ပဲလေ့စ်ကစားသမား ဇာဟာအတွက် အဲဗာတန် နဲ့ စပါးအသင်းတို့ အပြိုင်ဆိုင်ဖြစ်နေပြီး ကစားသမားအလိုက်ပေးကာ ကမ်းလှမ်းမှုတွေ ပြုလုပ်နေတယ်လို့ Mirror က ဖော်ပြသွားခဲ့ပါတယ်။ ဇာဟာအတွက် စပါးအသင်းက ဆစ်ဆိုကိုကို အလိုက်ပေးပြီး ကမ်းလှမ်းခဲ့ကာ အဲဗာတန် အသင်းကတော့ ဘိုလာဆီကို အလိုက်ပေးကမ်းလှမ်းခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။ နှစ်သင်းစလုံးဟာ သူတို့ရဲ့ ကစားသမားတွေရဲ့ တန်ဖိုးကို ပေါင် ၁၅သန်း သတ်မှတ်ခဲ့ပြီး ငွေသားအဖြစ် ပေါင် ၄၅သန်း ပေးချေသွားမယ်လို့ သိရပါတယ်။

play
Photo : Goal.com

 

- စီအက်စ်ကေအေ ကစားသမား ဂိုလိုဗင်ကို ရရှိဖို့ ကြိုးစားမှုမှာ ဘာစီလိုနာအသင်းလည်း ပါဝင်လာခဲ့ပြီး ချယ်လ်ဆီးနဲ့ ထိပ်တိုက်ရင်ဆိုင်နေပြီလို့ Sport က ဖော်ပြခဲ့ပါတယ်။ ချယ်လ်ဆီးနဲ့ ဂိုလိုဗင်တို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပေမယ့် စီအက်စ်ကေအေ အသင်းက ငြင်းဆန်ခဲ့ပါတယ်။ ဘာစီလိုနာက ဂိုလိုဗင်အတွက် ယူရိုသန်း (၃၀)ပေးချေဖို့ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ချယ်လ်ဆီးနဲ့အပြိုင် ကြိုးစားနေပြီ ဖြစ်ပါတယ်။

play
Photo : Goal.com

 

- ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြခဲ့တဲ့ နောက်ခံလူ ပါဗက်ဟာ ဘွန်ဒက်လီဂါကလပ် စတုဂတ်ကနေ ဘိုင်ယန်မြူးနစ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း ၂၀၁၉ ခုနှစ်မှသာ ပြောင်းရွှေ့မှာ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က ပေါင် ၃၁သန်းနဲ့ ကမ်းလှမ်းမှုအတွက် သဘောတူညီမှု ရရှိခဲ့ပြီး ပါဗက်ဟာ လက်ရှိမှာ စတုဂတ်အသင်းအတွက် ဆက်လက်ကစားပေးဦးမယ်လို့ သိရပါတယ်။

play
Photo : Goal.com

 

- ချယ်လ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ၀ီလီယံဟာ စတန်းဖို့ဒ်ဘရစ်ခ်ျကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်ကြောင်း The Sun က ဖော်ပြလိုက်ပါတယ်။ ကွန်တီရဲ့ လက်အောက်မှာ ပွဲကစားခွင့် နည်းပါးလာခဲ့ပြီးနောက် ၀ီလီယံဟာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားခဲ့တာ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းဖော် ကော်တင်ဟိုနဲ့ ကမ္ဘာ့ဖလားကာလအတွင်း ၀ီလီယံဟာ ဘာစီလိုနာကို ပြောင်းရွှေ့ဖို့အတွက် ပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD