AD
AD
AD

ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ (၉)နှစ်ကြာ ကစားခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ကနေ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ဟာ ဘောလုံးပရိသတ်များကြား ရေပန်းစားခဲ့ပြီး လူမှုကွန်ရက်များပေါ်မှာ အားလုံးစိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်အဖြစ် ရှိနေခဲ့ပါတယ်။

play
Photo : Daily Mail

 

အင်စတာဂရမ်မှာဆိုရင် ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ အပြီးသတ် ကြေငြာမှုဟာ အင်စတာဂရမ်သမိုင်းတစ်လျှောက် Like အများဆုံးရ စာရင်းမှာ နံပါတ်(၅) ရရှိခဲ့ပါတယ်။

play
Photo : Daily Mail

 

ဂျူဗင်တပ်စ်အသင်းရဲ့ အဖြူနဲ့အနက်စင်းဂျာစီကို ၀တ်ဆင်ထားပြီး စီရော်နယ်ဒိုရဲ့ ရုပ်ပုံနဲ့ နောက်ခံနာမည်ပါဝင်တဲ့ ဓာတ်ပုံဟာ လူဦးရေ ၁၁သန်းကျော်ရဲ့ နှစ်ခြိုက်မှုကို တုံ့ပြန်ရရှိခဲ့တာဖြစ်ပါတယ်။ အတိအကျအားဖြင့် ပရိသတ်ပေါင်း ၁၁.၃သန်းရဲ့ Like ပေးမှုကို ရရှိခဲ့တာလည်း ဖြစ်ပါတယ်။ ဒါဟာ အင်စတာဂရမ်မှာ Like အများဆုံးရရှိတဲ့ Post စာရင်းမှာ နံပါတ်(၅) ဖြစ်လာခဲ့ပါတယ်။

play
Photo : Daily Mail

 

ရော်နယ်ဒိုဟာ မူလကတည်းက ဆိုရှယ်မီဒီယာများပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ကြီးမားသူဖြစ်ပြီး အင်စတာဂရမ်မှာဆိုရင် ဖော်လိုဝါပေါင်း ၁၃၆သန်းကျော်အထိ ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ သမီးငယ်လေး အေလာနာမာတီနာ မွေးဖွားခဲ့စဉ်ကဆိုရင် သူ့ရဲ့ချစ်သူ၊ ရော်နယ်ဒိုနဲ့ ဂျူနီယာရော်နယ်ဒိုတို့ ပါဝင်တဲ့ ဓာတ်ပုံဟာလည်း ပရိသတ် ၁၁.၄သန်းကျော်ရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။ ဒါဟာ အင်စတာဂရမ်မှာ နံပါတ်(၄) အထိ ရရှိခဲ့တဲ့ Like အရေအတွက်လည်း ဖြစ်ပါတယ်။

play
Photo : Daily Mail

 

အင်စတာဂရမ်သမိုင်းတစ်လျှောက် Like အများဆုံး ရရှိတဲ့ ဓာတ်ပုံအဖြစ် ကိုင်လီဂျန်နာရဲ့ သမီးလေးက မိခင်ဖြစ်သူရဲ့ လက်မကို ကိုင်ဆုပ်ထားတဲ့ ဓာတ်ပုံက Like ၁၈သန်း နီးပါးအထိ ရရှိခဲ့ပြီး ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပါတယ်။ မိခင်နဲ့သားသမီးတို့ကြားက မေတ္တာတရားနဲ့ သံယောဇဉ်ကို ရိုးရှင်းစွာ ထင်ဟပ်မိစေခဲ့တာမို့ လူကြိုက်များခဲ့တာ ဖြစ်ပါတယ်။

play
Photo : Daily Mail

 

ဒုတိယနေရာမှာလည်း ကိုင်လီဂျန်နာရဲ့ဓာတ်ပုံကပဲ ရပ်တည်နေခဲ့ပြီး လူပေါင်း ၁၃သန်းကျော်က အားပေးခဲ့တာ ဖြစ်ပါတယ်။ တစ်လသား အရွယ် သမီးလေးကို ရင်ခွင်ထဲမှာ ပွေ့ပိုက်ပြီး မတ်တပ်ရပ်နေတဲ့ ဓာတ်ပုံကို ကိုင်လီဂျန်နာက တင်ထားခဲ့တာ ဖြစ်ပါတယ်။

play

 

တတိယနေရာမှာတော့ ဂျက်စတင်ဘီဘာရဲ့ နာမည်ကျော် ရည်းစားစာဓာတ်ပုံက ရပ်တည်နေခဲ့ပြီး JB နဲ့ဘယ်ဒွင်တို့ စေ့စပ်ကြောင်းလမ်းမှုကို အတည်ပြုခဲ့တဲ့ ဓာတ်ပုံဟာ Like အရေအတွက် ၁၂သန်းကျော်အထိ ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ နာမည်ကျော် ဆယ်လီတွေရဲ့ လူမှုဘ၀ပုံရိပ်တွေကို ဆိုရှယ်မီဒီယာကနေ တဆင့် သိရှိနိုင်တာမို့ ပရိသတ်ပေါင်းများစွာဟာ သူတို့နှစ်ခြိုက်တဲ့ နာမည်ကျော်ဆယ်လီများကို Follow ပြုလုပ်ထားကြပြီး အမြဲတစေ စောင့်ကြည့်လေ့ ရှိကြတာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD