AD
AD
AD

အာဆင်နယ်အသင်းရဲ့နည်းပြဟောင်း အာစင်ဝင်းဂါးဟာ လက်ရှိအချိန်မှာ အသင်းလက်မဲ့ဖြစ်နေသူဖြစ်ပြီး ဂျပန်ဘောလုံးအဖွဲ့ချုပ်က လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် နည်းပြကြီးအာစင်ဝင်းဂါးကို ဂျပန်လက်ရွေးစင်နည်းပြအဖြစ် ခန့်အပ်ဖို့ နံပါတ် ၁ ပစ်မှတ်အဖြစ် စောင့်ကြည့်နေတယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။

play
Photos: Daily Mail

အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းကနေ ထွက်ခွာပြီးနောက် ရီးရဲမက်ဒရစ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းကို ရောက်ရှိဖို့ နီးစပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ ရီးရဲမက်ဒရစ်အသင်းက ဂျူလန်လော့ပတယ်ဂီကို နည်းပြအဖြစ် ခန့်အပ်ပြီးဖြစ်သလို ပီအက်စ်ဂျီအသင်းကလည်း သောမတ်စ်တူချယ်ကို နည်းပြအဖြစ် ခန့်အပ်ပြီးဖြစ်တာကြောင့် ဘောလုံးဒါရိုက်တာအဖြစ်သာ ခန့်အပ်ဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။

တရုတ်ကလပ်အသင်းတွေကလည်း အာဆင်နယ်အသင်းနည်းပြဟောင်း အာစင်ဝင်းဂါးကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက တရုတ်ကလပ်အသင်းတစ်သင်းရဲ့ ပေါင်သန်း ၃၀ နဲ့ ကမ်းလှမ်းမှုကို အာစင်ဝင်းဂါးက ပယ်ချပြီး အာဆင်နယ်အသင်းမှာ ဆက်လက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play
Photos: Daily Mail

 

လက်ရှိအချိန်မှာတော့ ဂျပန်ဘောလုံးအဖွဲ့ချုပ်က အာစင်ဝင်းဂါးကို ခေါ်ယူဖို့ စောင့်ကြည့်နေပြီး အာစင်ဝင်းဂါးဟာ ၁၉၉၅ တုန်းက နာဂိုယာဂရမ်းပက်အိတ်ကို အောင်မြင်အောင် ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဂျပန်နိုင်ငံမှာ အာစင်ဝင်းဂါးကို အလွန်လေးစားကြပြီး အာစင်ဝင်းဂါးကလည်း ဂျပန်မှာ နေခဲ့စဉ်ကဘဝဟာ အရမ်းကို ပျော်ရွှင်စရာကောင်းခဲ့ကြောင်း အမြဲတမ်း ပြောလေ့ရှိသူဖြစ်ပါတယ်။

ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ အာစင်ဝင်းဂါးကို ဂျပန်နိုင်ငံ ပြန်ခေါ်ပြီး ဂျပန်အသင်းကို ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်အောင် ကိုင်တွယ်ပေးစေလိုတဲ့ဆန္ဒရှိနေတယ်လို့ သိရပြီး ဂျပန်လက်ရွေးစင်အသင်းဟာ ၂၀၁၅ ခုနှစ်ကတည်းက ကိုင်တွယ်လာတဲ့ နည်းပြ ဗာဟစ်ဟာလီဟော့ဇစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ၂ လအလိုမှာ နည်းပြရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ ဂျပန်ဘောလုံးအဖွဲ့ချုပ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျပန်ယူ-၂၃ အသင်းရဲ့နည်းပြ ဟာဂျီမဲ့မိုရီရာစုကို လက်ရွေးစင်အသင်းကို ကိုင်တွယ်စေခဲ့ပြီး ယခုအချိန်မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နိုင်အောင် အာစင်ဝင်းဂါးကို ခေါ်ယူဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD