AD
AD
AD

ဘာစီလိုနာအသင်းရဲ့ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသစ်ခေါ်ယူထားတဲ့ ဂရီမီယိုကွင်းလယ်ကြယ်ပွင့်ကစားသမား အာသာက ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် လီယွန်နယ်မက်ဆီနဲ့အတူ တွဲဖက်ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောကြားခဲ့ပြီး စပိန်မှာ လေ့လာသင်ယူစရာအများကြီးရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

play
Photos: Soccerladuma

 

ဘာစီလိုနာအသင်းဟာ အာသာကို ပြောင်းရွှေ့ကြေးယူရိုသန်း ၃၀ အပြင် နောက်ထပ်အပိုဆောင်းအနေနဲ့ ယူရို ၈ သန်းပေးချေပြီး ခေါ်ယူခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ကလပ်ကမ္ဘာ့ဖလားပွဲစဉ်အဖြစ် ရီးရဲမက်ဒရစ်အသင်းနဲ့ ဂရီမီယိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပြသခဲ့တဲ့ အာသာရဲ့စွမ်းဆောင်ရည်ကြောင့် ဘာစီလိုနာအသင်းက စောင့်ကြည့်နေခဲ့တာဖြစ်ပါတယ်။

အာသာရဲ့ကစားပုံဟာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားတဲ့ ဝါရင့်ကွင်းလယ်ကစားသမား အင်နီယေစတာနဲ့ ခပ်ဆင်ဆင်တူပြီး ကွင်းလယ်နဲ့ နောက်တန်းကို အစုန်အဆန် ဘောလုံးဖြန့်ပေးရင်း လိမ်ခေါက်နိုင်တဲ့စွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အာသာက ဘာစီလိုနာအသင်းရဲ့ထိပ်တန်းဂိုးသွင်းရှင် လီယွန်နယ်မက်ဆီနဲ့ တွဲဖက်ကစားရမယ့်အချိန်ကို ရောက်ရှိဖို့ မစောင့်ဆိုင်းနိုင်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

play
Photos: Metro

 

"မက်ဆီက ကမ္ဘာပေါ်မှာ အကောင်းဆုံးကစားသမားပါပဲ။ သူနဲ့အတူ ကစားရတာက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်"

"ကောင်းမွန်တဲ့အဆင့်အတန်းတွေပိုင်ဆိုင်ထားတဲ့ အသင်းဖော်တွေဆီကနေ ကျွန်တော် သင်ယူချင်ပါတယ်"

"ကမ္ဘာပေါ်မှာရှိတဲ့ ကစားသမားတိုင်းက ဘာစီလိုနာအသင်းအတွက် ကစားပေးချင်ကြပါတယ်။ ဘာစီလိုနာအသင်းနဲ့ စာချုပ်ချုပ်ဆိုခွင့်ရခဲ့တာဟာ ကျွန်တော့်ရဲ့ကြိုးစားအားထုတ်မှုတွေက ထိုက်တန်တယ်ဆိုတဲ့သဘောပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

အာသာဟာ ဘာစီလိုနာအသင်းကို မပြောင်းရွှေ့မီ ဂရီမီယိုအသင်း ပရော်ဖက်ရှင်နယ်ပွဲစဉ်ပေါင်း ၅၀ ကစားပေးခဲ့ပြီး သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD