AD
AD
AD

၂၀၁၈ အာရှအားကစားပြိုင်ပွဲကျင်းပမယ့် အားကစားကွင်းတွေထဲက တစ်ကွင်းဖြစ်တဲ့ ဂျီလော်ရာဆရီဝီကွင်းကြီး ထဲမှာ အင်ဒိုနီးရှားပရိသတ်တွေဟာ ထိုင်ခုံတွေရိုက်ချိုးပြီး ကွင်းအတွင်းလွှင့်ပစ်သောင်းကျန်းခဲ့ကြပါတယ်။ ပြည်တွင်းလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆရီဝီဂျာရာအက်ဖ်စီနဲ့ အရီမာအက်ဖ်စီအသင်းတို့ပွဲမှာ နှစ်ဖက်ပရိသတ်တွေက ဆူပူသောင်းကျန်းခဲ့ကြတာပါ။

 

play
Photo: AFP

၂၀၁၈ အာရှအားကစားပြိုင်ပွဲကို စက်တင်ဘာလမှာ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့မှာကျင်းပတော့မှဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့ကတော့ အာရှအားကစားပြိုင်ပွဲမတိုင်ခင် အင်ဒိုနီးရှားပရိသတ်တွေက ဘောလုံးကွင်းထဲမှာ အစွမ်းပြခဲ့ကြပါတယ်။ ဒါကတော့ အာရှအားကစားပြိုင်ပွဲကျင်းပမယ့်ကွင်းတွေထဲက တစ်ကွင်းအပါအဝင်ဖြစ်တဲ့ ဂျီလော်ရာဆရီဝီကွင်းမှာ ကွင်းအတွင်းထိုင်ခုံတွေကို ဖျက်စီးပြီး ကွင်းအတွင်းလွှင့်ပစ်ခဲ့ကြတာပါ။

play

 

အင်ဒိုနီးရှားလိဂ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဆရီဝီဂျာရာအက်ဖ်စီအသင်းနဲ့ အရီမာအက်ဖ်စီအသင်းတို့ပွဲကို ဆရီဝီဂျာရာအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဂျီလော်ရာဆရီဝီကွင်းမှာကျင်းပခဲ့ရာက အခုလိုဖြစ်ရပ်မျိုးဖြစ်ပွားခဲ့တာပါ။ “ပရိသတ်တွေကွင်းထဲကို ပွဲချိန်အတွင်းမှာပဲပစ်ပေါက်ခဲ့ကြတာတွေ့ရတော့ အရမ်းကို အံ့သြမိတယ်။” လို့ ကွင်းလုံခြုံရေးအကြီးအကဲ နာဝီက ပြောပါတယ်။

play

 

အင်ဒိုနီးရှားအားကစားအဖွဲ့ချုပ်ဟာ အာရှအားကစားပြိုင်ပွဲအတွက် အဆောက်အဦအသစ်တွေ၊ လမ်းချဲ့ထွင်မှုတွေ၊ ကစားကွင်းပြင်ဆင်မှုတွေကို အရှိန်မြှင့်လုပ်နေချိန်မှာ အခုပြဿနာကြောင့် စိတ်ရှုပ်နေရပါတယ်။ ပရိသတ်တွေဖျက်ဆီးမှုကြောင့် ကွင်းအတွင်းက ထိုင်ခုံ ၃၃၅လုံးပျက်စီးခဲ့ပြီး အစားထိုးဖို့အတွက် ပြည်ပကနေမှာယူထားရပါတယ်။

 

play

ဒီပြဿနာကို အိမ်ရှင်အသင်းပရိသတ်တွေဖြစ်တဲ့ ဆရီဝီဂျာရာအသင်းပရိသတ်တွေကစတင်ခဲ့တာပါ။ ဖြစ်ရပ်အတွင်းမှာ တစ်ဦးတစ်ယောက်မှ ထိခိုက်မှုမရှိခဲ့ပေမယ့် လူလေးဦးထက်မနည်းကိုတော့ ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့သိရပါတယ်။ အာရှအားကစားပြိုင်ပွဲဟာ အာရှနိုင်ငံပေါင်း ၄၅နိုင်ငံက ကစားသမားပေါင်း တစ်သောင်းကျော်အထိဝင်ပြိုင်မှာဖြစ်ပြီး အိုလံပစ်အားကစားပြိုင်ပွဲပြီးရင် ကမ္ဘာပေါ်မှာ အကြီးဆုံး အားကစားပြိုင်ပွဲအဖြစ် သတ်မှတ်ခံထားရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD