AD
AD
AD

တနင်္လာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

play
Photo : Qwiket

 

- မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး အန်သိုနီမာရှယ်ကို ခေါ်ယူဖို့ ချယ်လ်ဆီးအသင်းက စိတ်ဝင်စားနေတယ်လို့ The Times က ဖော်ပြခဲ့ပါတယ်။ ဟာဇက်ရဲ့ နေရာမှာ အစားထိုးဖို့အတွက် မာရှယ်ကို ချယ်လ်ဆီးက စောင့်ကြည့်နေတာဖြစ်ပြီး ဒီသတင်းဟာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေတာလည်း ဖြစ်ပါတယ်။ အသက် (၂၂)နှစ်အရွယ် တိုက်စစ်မှူးကို ယူနိုက်တက်က ယူရိုသန်း (၁၀၀) တန်ဖိုးရှိတယ်လို့ သတ်မှတ်ထားကြောင်းလည်း သိရပါတယ်။

play
Photo : 4search

 

- လီဗာပူးလ်အသင်းရဲ့ ကစားသမားအပြောင်းအရွှေ့ လှုပ်ရှားမှုဟာ ရပ်တန့်မှုမရှိသေးဘဲ ခရိုအေးရှားနောက်ခံလူ ဗီဒါကို ထပ်မံခေါ်ယူဖို့အတွက် စီစဉ်နေတယ်လို့ Daily Star က ဖော်ပြလိုက်ပါတယ်။ ဘက်ဆီးတပ်စ်နောက်ခံလူ ဗီဒါဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းအတွက် စွမ်းဆောင်ရည်ကောင်းတွေကို ပြသနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဗီဒါကို လီဗာပူးလ်က ပေါင် (၂၇)သန်းနဲ့ ကမ်းလှမ်းသွားမယ်လို့ မျှော်လင့်ရပြီး ခေါ်ယူနိုင်ခဲ့ပါက ခရိုအေးရှားခံစစ်အတွဲအဖြစ် လိုဗရန် နဲ့ ဗီဒါတို့ကို ပြန်လည်တွေ့မြင်ရမှာ ဖြစ်ပါတယ်။

play
Photo : AS

 

- မန်ချက်စတာမြို့ခံ ကလပ်အသင်းနှစ်သင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်တဲ့ ကိုဗာဆစ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းကနေ ထွက်ခွာခွင့် တောင်းဆိုလိုက်တယ်လို့ သိရပါတယ်။ လူကာမိုဒရစ် နဲ့ ကက်စ်မဲရိုး၊ ခရူးစ်တို့ရဲ့နောက်မှာသာ ဦးစားပေး ကစားသမားအဖြစ် ရပ်တည်နေရတဲ့ ကိုဗာဆစ်ဟာ သူ့ရဲ့ အနာဂတ်အတွက် သင့်တော်တဲ့ ကလပ်အသင်းကို ပြောင်းရွှေ့ခွင့်ပေးဖို့ ရီးရဲလ်နည်းပြသစ် လော့ပ်တယ်ဂီကို တောင်းဆိုခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။

play
Photo : Astro

- မန်ချက်စတာယူနိုက်တက်အသင်းဟာ မက်ဂွီး၊ အယ်ဒါဝီရယ်လ် နဲ့ ဘိုနူချီတို့ (၃)ဦးထဲက တစ်ဦးဦးကို အရခေါ်ယူဖို့အတွက် ကြိုးစားနေတယ်လို့ Daily Mail က ဖော်ပြလိုက်ပါတယ်။ ဗဟိုနောက်ခံလူတစ်ဦး ထပ်မံဝယ်ယူဖို့ ဆန္ဒရှိနေတဲ့ မော်ရင်ဟိုဟာ ခံစစ်ပိုင်းမှာ မာမာထန်ထန်နဲ့ ကစားနိုင်တဲ့ အဆိုပါကစားသမားတွေကို သဘောကျနှစ်ခြိုက်နေတာ ဖြစ်ပါတယ်။ မားကို့စ်ရိုဟို၊ ဘိုင်ယီ၊ စမောလင်း၊ ဖီးလ်ဂျုံးစ် နဲ့ လင်ဒီလော့ဖ်တို့ထဲက တစ်ဦးကို ပြန်လည်ရောင်းချသွားဖွယ် ရှိတယ်လို့လည်း သိရပါတယ်။

play
Photo : FIFA

 

- ဂျူဗင်တပ်စ်အသင်းဟာ မန်စီးတီး၊ ဘာစီလိုနာ နဲ့ ပီအက်စ်ဂျီအသင်းတို့က စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ ပီယာနစ်ကို လက်လွှတ်ခဲ့ရမယ်ဆိုပါက ကစားသမားပြန်လည် ဖြည့်တင်းဖို့အတွက် ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း Tuttosport က ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုနဲ့တွဲဖက်ကစားရမယ့် အခွင့်အရေးကို အသုံးချပြီး ပေါ့ဂ်ဘာကို မက်လုံးပေးဆွဲဆောင်ဖို့ ဂျူဗင်တပ်စ်က ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD