AD
AD
AD

တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပြီး အငြင်းပွားဖွယ် ဓာတ်ပုံရိုက်ကူးမှု ပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတဲ့ ဂျာမနီ လက်ရွေးစင်ကစားသမား အိုဇေးလ်ဟာ လက်ရွေးစင်ကစားသမားဘ၀က အနားယူခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ကို အိုဇေးလ်က စာရေးသား ပေးပို့ခဲ့ပြီး အနားယူရတဲ့အကြောင်းရင်းကိုလည်း ရှင်းလင်းပြောဆိုမှု ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play


အသက် (၂၉)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဂျိုအာချင်လိုရဲ့ ဂျာမနီအသင်းမှာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်း အုပ်စုအဆင့်က ထွက်ခွာခဲ့ရပြီးနောက် အိုဇေးလ်ရဲ့ ကစားပုံအပေါ် ဝေဖန်မှုအများအပြား ရှိခဲ့သလို ပြိုင်ပွဲမတိုင်ခင် အာဒိုဂန်နဲ့တွေ့ဆုံခဲ့မှုကြောင့် သစ္စာဖောက်တစ်ဦးလို့ အိုဇေးလ်ဟာ ပြောဆိုခံခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

play

ဒါ့အပြင် အိုဇေးလ်ကို ဂျာမနီအသင်းမှာ မရွေးချယ်ဖို့ တောင်းဆိုမှုတွေလည်း ရှိခဲ့ပြီး ဂျာမန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အရေးကြီးပုဂ္ဂိုလ်များရဲ့ ဝေဖန်မှုများကိုပါ အိုဇေးလ်က ကြုံတွေ့ခဲ့ရပါတယ်။ အာဒိုဂန်ကို အာဆင်နယ်ဂျာစီ လက်ဆောင်ပေးနေတဲ့ပုံ လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပြီးနောက် အိုဇေးလ်ဟာ ပြစ်တင်ရှုတ်ချမှုတွေလည်း ခံယူခဲ့ရပါတယ်။

play


အာဒိုဂန်နဲ့ တွေ့ဆုံမှုဟာ နိုင်ငံရေးနဲ့ လုံးဝမပတ်သက်ဘူးလို့ အိုဇေးလ်က သူ့ရဲ့ စာထဲမှာ ရေးသားခဲ့ပြီး လူမျိုးရေးခွဲခြားခံရမှု၊ လေးစားမှုအပြည့်အ၀ မရရှိမှုတို့အတွက် စိတ်မကောင်းဝမ်းနည်းဖြစ်ရကြောင်းလည်း အိုဇေးလ်က ဖွင့်ဟရေးသားခဲ့ပါတယ်။ အိုဇေးလ်ဟာ ဂျာမနီလက်ရွေးစင်အဖြစ် (၉)နှစ်ကြာ ကစားပေးခဲ့ပြီး စုစုပေါင်း (၉၂)ပွဲကစားကာ (၂၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။

play


လက်ရွေးစင်အသင်းက အနားယူဖို့ ဆုံးဖြတ်ခဲ့ရမှုဟာ ခက်ခဲမှုရှိခဲ့ကြောင်းလည်း အိုဇေးလ်က ရေးသားခဲ့ပြီး ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ အားပေးထောက်ခံမှု မရရှိခဲ့မှုအပေါ်မှာလည်း အိုဇေးလ်က စိတ်ပျက်နေခဲ့တယ်လို့ သိရပါတယ်။ အိုဇေးလ်အနားမယူခင်မှာ အိုဇေးလ်ရဲ့ ဖခင်ကလည်း သူ့ရဲ့သားအပေါ် ဝေဖန်နေမှုတွေအပေါ် ပြန်လည်ပြစ်တင်ပြောဆိုခဲ့ပြီး အိုဇေးလ်ကို လက်ရွေးစင်အသင်းက အနားယူဖို့ တိုက်တွန်းခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD