AD
AD
AD

ဒေါ့မွန်က လီဗာပူးလ်အသင်းကို (၃-၁)ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒေါ့မွန်ကစားသသမား ပူလီရှစ်ဟာ အသင်းအတွက် အနိုင်ဂိုး (၂)ဂိုး သွင်းယူပေးခဲ့ပါတယ်။ နိုင်ငံတကာ ချန်ပီယံများ ဖလားပွဲအဖြစ် ကစားခဲ့ကြတာဖြစ်ပြီး အဆိုပါပွဲမှာလည်း ပူလီရှစ်ဟာ အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့အထိ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

play

 

ဒါပေမယ့်လည်း ပူလီရှစ်ဟာ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ပေမယ့် အသက်မပြည့်သေးတာကြောင့် ဆုလက်ခံရယူနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။ Heineken က ပေးအပ်ချီးမြှင့်တဲ့ ဆုကို (၁၉)နှစ်အရွယ် ပူလီရှစ်က ရရှိခဲ့ပေမယ့်လည်း အမေရိကန်နိုင်ငံရဲ့ယစ်မျိုးဥပဒေအရ ပူလီရှစ်ဟာ အသက်မပြည့်သေးတာကြောင့် ဆုကို လက်ခံရယူနိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

 

ဒါကြောင့် ပူလီရှစ်ရဲ့ အကောင်းဆုံးသမားဆုကို လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်က ပြောင်းလဲရရှိသွားခဲ့ပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်အတွက် တစ်လုံးတည်းသော သွင်းဂိုးကို သွင်းယူပေးခဲ့သူဖြစ်ပြီး အသက် (၂၇)နှစ်အရွယ် ရှိနေပြီ ဖြစ်တာကြောင့် ယစ်မျိုးဥပဒေနဲ့ ကင်းလွတ်နေခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ တချို့ပြည်နယ်တွေမှာ အသက် (၂၁)နှစ် အရွယ်အထိကို ယစ်မျိုးဥပဒေနဲ့ ထိန်းချုပ်ထားတာမျိုးတွေ ရှိနေတာ ဖြစ်ပါတယ်။

play

 

ပထမပိုင်းအပြီးမှာ လူစားလဲလှယ်ဝင်ရောက်ခဲ့တဲ့ ပူလီရှစ်ဟာ (၆၆) မိနစ် နဲ့ (၈၉)မိနစ်တို့မှာ အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်ခဲ့ပြီး ဒေါ့မွန်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကနေတဆင့် ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ (၆၆)မိနစ်မှာ ဒေါ့မွန်အသင်း ပယ်နယ်တီရရှိခဲ့ပြီး ပူလီရှစ်က အမှားအယွင်းမရှိ ကန်သွင်းယူခဲ့တာလည်း ဖြစ်ပါတယ်။ ပူလီရှစ်ကတော့ အမေရိကန်နိုင်ငံရဲ့ အထွန်းတောက်ဆုံး လူငယ်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။

play

 

ပူလီရှစ်ကို လီဗာပူးလ်နည်းပြ ကလော့ပ်က ခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပြီး လီဗာပူးလ်နဲ့ ရင်ဆိုင်အတွေ့မှာ အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခဲ့ပြီး ကလော့ပ်ကို ပိုမိုဆွဲဆောင်နိုင်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆု ရရှိခဲ့တဲ့အထိ ခြေစွမ်းပြခဲ့ပေမယ့် ပူလီရှစ်ကတော့ အမေရိကန်နဲ့ ယစ်မျိုးဥပဒေကြောင့် ဆုနဲ့ လွဲချော်ခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD